"စိတ်မကြည်ရင် ဘုရားတောင် မရှိခိုးချင်ဘူး"တဲ့။
"မရှိခိုးချင်လည်း ရှိခိုးရမှာပဲ။ ရှိခိုးရင်းနဲ့ကြည်သွားလိမ့်မယ်"လို့ ရှင်းပြရတယ်။
တကယ်တော့ ဘုရားရှိခိုးတဲ့အလုပ်ဆိုတာ စိတ်မကြည်လေ ပိုလုပ်လေဖြစ်ရမယ်ပေါ့။ စိတ်ပါမှ၊ စိတ်ကြည်မှ လုပ်ကြမယ်ဆိုရင် ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ဆိုတာ မကောင်းတာမှာပဲ အပျော်များတယ်လေ။ ကောင်းတဲ့စိတ်ဆိုတာ သီးသန့်မွေးယူရတာ မဟုတ်လား။
ဒေါသဖြစ်ရင် ဒေါသကင်းစင်တဲ့ ဘုရားရှင်ကို အာရုံပြုကြည့်လိုက် ကိုယ်ပါအငြိမ်းဓာတ်ရသွားတယ်။စိတ်မကြည်ရင် စိတ်ကြည်လင်နေတဲ့ ဘုရားရှင်ကို အာရုံပြုကြည့်လိုက် ကိုယ်ပါအကြည်ဓာတ်ကူးသွားတယ်။
စိတ်မကြည်ရင် ဘုရားတောင် ရှိမခိုးချင်ဘူးမလုပ်နဲ့၊ ရှိခိုးရင်း ကြည်သွားလိမ့်မယ်ပေါ့နော်။
အတုမရှိ၊ အတူမရှိ မြတ်ဗုဒ္ဓဆိုတော့ အပူလည်း မရှိဘူးပေါ့။
ကြည်ညိုစွာဖြင့် ...
မနာပ ဒါယီ အရှင် ဝိစိတ္တ

image