ရတနာသိင်္ခတံတား မိုင်းခွဲဖျ-က်စီးခံရ တံတားအခန်း(၂) ခန်းပျက်စီး
ရွှေဘိုမြို့နယ်ရှိ ကျောက်မြောင်း-စဥ့်ကူးဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ အောက်တိုဘာ ၂၉ ရက်နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က မိုင်းခွဲဖျ-က်စီးခဲ့ကြကြောင်း သိရသည်။
ထိုသို့ မိုင်းခွဲဖျ-က်စီးခဲ့မှုကြောင့် အရှည်(၂,၄၈၀)ပေရှိ သံကူကွန်ကရစ်အမျိုးအစား ဧရာဝတီတံတား(ရတနာသိင်္ခ)၏ RP4-RP5 တံတားသံဘောင်(၁၁၂)မီတာ၊ RP6 -RP7 တံတားသံဘောင်(၁၁၂)မီတာ (၂)ခန်းနှင့် မန္တလေးတိုင်း၊ စဥ့်ကူးဘက်ခြမ်းတို့ ကျိုးကျပျ-က်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း တံတားအားပြန်လည်ပြင်ဆင်ရန် စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဧရာဝတီတံတား(ရတနာသိင်္ခ)သည် သမ္မတ (ငြိမ်း)ဦးသိန်းစိန် သမ္မတတာဝန်ထမ်းဆောင်ချိန် ၂၀၁၀ ပြည့်နှစ်၊ ဧပြီလကစတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လအတွင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။