ကြက်သွန်နီ FOB တစ်တန်ဈေး ဒေါ်လာ ၁၇၀ မှ ၃၃၅ ကြား ပေါက်ဈေးရှိ 
 
အောက်တိုဘာလ စတုတ္ထပတ်အတွက် ပြည်ပဈေးကွက်ထံ တင်ပို့မယ့် ကြက်သွန်နီ အရွယ်အစားအလိုက် တစ်တန်ကို FOB ဈေး အမေရိကန်ဒေါ်လာ ၁၇၀ မှ ၃၃၅ အထိ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက သတ်မှတ်ထားပါတယ်။ 
 
ကြက်သွန်ဖြူက အရွယ်အစားအလိုက် တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၉၀ မှ ၁၀၇၅ ဈေး ရှိပါတယ်။
 
         
 
		  
		 
		 
		 
		 
                