ငလျင်ပြန်လည်ထူထောင်ရေးအတွက် ဖြည့်စွက်ငွေ ခွင့်ပြုပေးခဲ့ 
-------------------------- 
 
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေမှာ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့တဲ့ ကိစ္စရပ်တွေမှာ ပြန် လည် ထူထောင်ရေး အသုံးစရိတ်တွနဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေမှာ အသုံးပြုဖို့ အဓိကထား ခွင့်ပြု ပေးခဲ့တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်၊၊ 
 
အောက်တိုဘာ (၂၈) ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်း အဝေးကို တက် ရောက်အမှာစကား ပြောကြားရာမှာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်တဲ့နေရာမှာ ဖြည့်စွက် ခွင့်ပြုငွေရရှိမဲ့ ကာလနဲ့ ဆောင်ရွက်နိုင်မဲ့ လုပ်ငန်းပမာဏကို ချင့်ချိန်ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောပါတယ်၊၊ 
 
ငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် နိုင်ငံတော်ပိုင်အခြေခံအဆောက်အအုံတွေ ပြုပြင်ထိန်း သိမ်းဖို့၊ အသစ်ဆောက်လုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် သုံးစွဲနိုင်ဖို့၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းတွေနဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုထားတဲ့ အသုံးစရိတ်တွေထဲက အထွေထွေပိုလျှံရန်ပုံငွေအဖြစ် ပြန်လည်အပ်နှံငွေကျပ် ၂၀၆၉ ဒသမ ၃၃၆ ဘီလီယံကို အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေထဲကို လွှဲပြောင်းထည့်ပေးခဲ့ပြီး ဖြစ်ပါတယ်၊၊ 
 
ဒါ့အပြင် မိမိတို့ အစိုးရက ချမှတ်ထားတဲ့ ဦးတည်ချက်တွေကို ဖော်ဆောင်နိုင်ဖို့အတွက် ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ ကဏ္ဍအလိုက်၊ ဒေသအလိုက် ဦးစားပေးအစီအစဉ်တွေကို ချမှတ်ပြီး အသုံးစရိတ်တွေကို စနစ်တကျ စိစစ်သုံးစွဲကြဖို့ လိုတယ်လို့ လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်၊၊

 
          
        
         
 
		  
		 
		 
		 
		 
                