အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက်အရ ကျုးလွန်သူကို တရားစွဲခြင်းနှင့် ကလေးသူငယ်အကာကွယ်ပေးခြင်းကို အလေးပေးဆောင်ရွက်နေ
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အရ ကျူးလွန်သူကို တရားစွဲဆိုခြင်း၊ ကလေးသူငယ်ကို အကာအကွယ်ပေးခြင်း၊ လိုအပ်သောထောက်ပံ့မှုများပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ပြောသည်။
ယမန်နေ့ကကျင်းပသည့် လုပ်ငန်းကော်မတီအစည်းဝေးတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကလေးလုပ်သားစစ်တမ်း ၂၀၂၄-၂၀၂၅ အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခုရှိ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးသူငယ် (၈၂) ဦးတို့အား လူမှုဖြစ်ရပ် စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဒုတိယဝန်ကြီးကပြောသ ည်။
ထို့ပြင် အဆိုးရွားဆုံး ပုံစံခိုင်းစေခံရသည့် ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line Phone No. 1566 သို့ သတင်းပို့တိုင်ကြားနိုင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မှု အခြေအနေ နှစ်ဝက်အစီရင်ခံစာများ၊ လစဉ်အစီရင်ခံစာများကို အမျိုးသားကော်မတီသို့ပုံမှန်ပေးပို့တင်ပြနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဒုတိ ယ (၅)နှစ်စီမံချက်သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိဖြ စ်ပြီး လုပ်ငန်းကော်မတီအနေဖြင့် ဒုတိယ (၅)နှစ် လုပ်ငန်းစီမံချက်တွင် ပါရှိသော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနအဖွဲအစည်းများနှင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။