စားအုန်းဆီ၂ ပိဿာ ၅၀ ကျပ်သားကို ကျပ် (၂) သောင်းကျော်ဖြင့် ဖုန်းဆက်မှာယူနိုင်
စားသုံးသူဈေးကွက်အတွင်း စားအုန်းဆီ၂ ပိဿာ ၅၀ ကျပ်သားကို ကျပ် (၂) သောင်းကျော်ဖြင့် ဖုန်းဆက်မှာယူနိုင်ကြောင်း စုံစမ်းသိရှိရဂည်။
ယခုရက်ပိုင်းတွင် စားအုန်းဆီတစ်ပိဿာကို လက်ကားရည်ညွှန်းဈေး ကျပ် (၆၅၆၅) ဖြင့် ရောင်းချရန် သတ်မှတ်ထားပြီး အောက်တိုဘာလ (၃၀) ရက်အထိရန်ကုန်တိုင်းဒေသကြီးအတွင်း ရောင်းချပေးမည်ဖြစ်သည်။
မြို့နယ်အလိုက် (၂) သောင်း (၂) ထောင်ကျော်မှ (၂) သောင်း (၃) ထောင်ကျော်ဖြင့် ရောင်းချမည်ဖြစ်ပြီး စားအုန်းဆီဈေးကစားသူများကို တည်ဆဲဥပဒေအရအရေးယူမည်ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီမှာယူလိုသူများအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဖော်ပြထားသည့် ဖုန်းနံပါတ်များကိုဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။