#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဆူဒန် အယ်လ်ဖာရှာမြို့မှ အရပ်သားများ ဘေးကင်းစွာထွက်ခွာရေး ကုလအကြီးအကဲ တောင်းဆို
ဆူဒန်နိုင်ငံ အယ်လ်ဖာရှာမြို့တွင် ပိတ်မိနေသော အရပ်သားများအတွက် ဘေးကင်းစွာ ထွက်ခွာနိုင်ရန်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဂူတာရက်စ်က အောက်တိုဘာ ၂၇ရက်တွင် တောင်းဆိုလိုက်သည်။
အာရ်အက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့က ထိုမြို့၏ အဓိကစခန်းကို သိမ်းပိုက်လိုက်ပြီဟု ကြေညာခဲ့သည်။ဆူဒန်စစ်တပ်မူ အဆိုပါနေရာကို ဆုံးရှုံးမှုအား အသိအမှတ်မပြုသေးပေ။
မြို့ကို ထိန်းချုပ်နိုင်ခြင်းမှာလက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်တွင် ပြည်သူ့စစ်အဖွဲ့အတွက်သိသာထင်ရှားသော အောင်ပွဲတစ်ခုဖြစ်လာမည်ဖြစ်သည်။
ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က နောက်ဆုံးတိုက်ပွဲသည် ပဋိပက္ခတွင် ကြောက် မက်ဖွယ်ကောင်းသော တင်းမာမှုကိုအမှတ်အသားပြုခဲ့ပြီး အရပ်သားများ၏ ဒုက္ခများသည် လွန်စွာဆိုးရွားနေသည်ဟု ပြောသည်။
အယ်လ်ဖာရှာသည် ဒါဖာဒေသတွင် ဆူဒန်စစ်တပ်၏ နောက်ဆုံးခြေကုပ်ယူရာနေရာဖြစ်ပြီး အာရ်အက်စ်အက်ဖ်ပြည်သူ့စစ်နှင့် မဟာမိတ်များက ၁၈ လကြာ ဝိုင်းရံထားခဲ့သည်။
မြောက်ဒါဖာပြည်နယ် အုပ်ချုပ်ရေးမှူး၏ အိမ်ကို ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ရေးသမားများ သိမ်းပိုက်ပြီးနောက် အောက်တိုဘာ ၂၆ ရက်မှစ၍ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အယ်လ်ဖာရှာတွင် နောက်ထပ်ကြီးမားသော လူမျိုးရေးအရ လှုံ့ဆော်မှုဖြင့် ကျူးလွန်သော ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ၏အန္တရာယ်သည် တစ်နေ့တခြားတိုးပွားလာနေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာတာ့ခ်က သတိပေးထားသည်။
ကိုးကား-ဘီဘီစီ