တစ်ခါတုန်းက ဝံပုလွေ တစ်ကောင်ဟာ သားကောင်ကို အငမ်းမရ စားရင်း လည်ချောင်းထဲမှာ အရိုးတစ်ချောင်းကန့်လန့်ခံသွားတယ်။ အရိုးကို အန်ထုတ်လို့လည်းမရ၊ မျိုချလို့လည်း မရတာကြောင့် လည်ချောင်းမှာ နာကျင်တဲ့ဝေဒနာ ခံစားနေရ တဲ့အပြင် နောက်ထပ် ဘာအစား အသောက်မှ ထပ် စားလို့မရတော့တဲ့အတွက် ဆာလောင်မူ့ ဝေဒနာကိုပါခံစားနေရတယ်။ ဒါနဲ့ ဝံပုလွေဟာ သူ့လည်ချောင်းထဲ ကန့် လန့်ခံနေတဲ့အရိုးကို ထုတ်ပေးနိုင်မယ့် သတ္တဝါကို စဉ်း စားကြည့်လိုက်တော့ ကြိုးကြာငှက်ကို စဉ်းစားမိပါ တယ်။ ကြိုးကြာငှက်ဟာ နှုတ်သီးကလည်း ရှည်၊ လည်ပင်းကလည်း ရှည်တာမို့သူ့လည်ချောင်းထဲ ကို နှုတ်သီး ထိုးသွင်းပြီး အရိုးကို ဆွဲထုတ်ပေးလို့ ရနိုင်တယ်လို့ တွေးမိလိုက်တယ်။ ဒါနဲ့ သူဟာ ကြိုးကြာ ငှက်ရှိရာကို သွားပြီး တောင်းပန် အကူအညီတယ်။ “အဆွေ ကျွန်ုပ်ကို ကူညီပါ၊ ကျွန်ုပ် ရဲ့ လည် ချောင်းထဲမှာ အရိုးတစ်ရိုး ကန့်လန့် ခံနေတာမို့ မစားနိုင်မသောက်နိုင်ဖြစ်နေတာကြာပာပြီ၊ သင့် နှုတ်သီးနဲ့ ကိုက်ပြီး ဆွဲထုတ်ပေးရင် ရနိုင် ပါ တယ်၊ အဲဒီအရိုးသာ ထွက်သွားရင် ကျွန်ုပ်က သင့်ကို ကျေးဇူးဆပ်ပါ့မယ်”ဝံပုလွေရဲ့တောင်းပန်မူ့ကြောင့် ကြိုးကြာငှက်က ဝံပု လွေကို ပါးစပ်ဟခိုင်း လိုက်ပါတယ်။
သူ့ရဲ့ ရှည်လျားတဲ့နှုတ်သီးနဲ့သေးသွယ်တဲ့လည်ပင်းကို ဝံပုလွေ ရဲ့ အာခေါင်ကတစ် ဆင့်လည်ချောင်းထဲ ထိုးသွင်း ပြီး ကန့်လန့်ခံနေတဲ့အရိုးကို ကိုက်ချီဆွဲထုတ်ပေး လိုက်တယ်။ ဝံပုလွေလည်း ဝေဒနာ ပျောက်ကင်း သွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။ကြိုးကြာငှက်ကို ကျေး ဇူး တင်စကားပြောပြီး ပြန်လှည့်အထွက် .. ကြိုးကြာငှက်က နောက်ကနေ လှမ်းမေး တယ်။ “အဆွေ အသင်ပြောတော့ အရိုး ထွက်သွားရင် ကျွန်ုပ်ကို ကျေးဇူးဆပ်မယ်ဆို၊ ဘာဖြစ်လို့ လှည့်ထွက်သွားတာလဲ” ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့်ကြည့် ပြီးပြောလိုက်ပါတယ်။ “အသင် ကျွန်ုပ် အသင့်ကိုကျေးဇူးဆပ်ခဲ့ပြီးပါပြီ၊ ကျွန်ုပ်ရဲ့ အာခံတွင်းထဲ ရောက်လာတဲ့ သင့် ဦး ခေါင်းကို ကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူးဆပ်တာပဲပေါ့၊ အသင့် ကို သတ်ဖြတ်မစားသွား တာကိုပဲ ဝမ်းသာပါတော့” ကိုယ့် အကျိုး သာ ကြည့်ပြီး သူတစ်ပါးအတွက် ထည့်မစဉ်းစားပေးတဲ့ ဝံပုလွေနဲ့ အလားသဏ္ဌာန်တူလူတွေ ပေါ ပါတယ်။ အဲဒီလိုလူမျိုးတွေ နဲ့ကြုံရင် နောက်ထပ်ဒုက္ခပေးမသွားတာကို ပဲ ကိုယ်ကပြန် ဝမ်းသာရပါလိမ့်မယ်။ နောက်ထပ်အထူး သတိထား ဆက်ဆံရမှာဖြစ်ပါတယ်။
Credit –

image