The Ritual (2017)
****************
အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ The Ritual ဆိုတဲ့
ကိုးကွယ်မှုဓလေ့ရိုးရာကို အခြေခံထားတဲ့ Folk Horrorအမျိုးအစားဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ကောလိပ်ကတည်းကတွဲခဲ့ကြတဲ့ သူငယ်ချင်း ၅ ယောက်ပြန်ဆုံကြတဲ့အခါ ခရီးထွက်ဖို့တိုင်ပင်ကြတယ်။
ခရီးတွေက တစ်ယောက်တစ်မျိုးစီသွားချင်တဲ့နေရာတွေ မတူကြတော့ တိုင်ပင်ရင်း
ဘားကပြန်အလာ လမ်းမှာ သူငယ်ချင်းတစ်ယောက်က မတော်တဆအသတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
ဒီလိုနဲ့နောက်ထပ် ၆ လအကြာမှာ ကျန်တဲ့သူငယ်ချင်း ၄ ယောက်ဟာ .. သေဆုံးသွားတဲ့သူငယ်ချင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ သူသွားချင်တဲ့ တောင်တက်ခရီးကို သွားပေးခဲ့ကြတယ်။
သူတို့တောင်တက်ခရီးသွားကြတဲ့နေရာဟာ ဆွီဒင်နဲ့နော်ဝေနိုင်ငံကြားက လူသူအရောက်အပေါက်နည်းတဲ့တောင်ကုန်းတွေ သစ်တောတွေဘက်ဖြစ်ပါတယ်။
သူငယ်ချင်း ၄ ယောက်ဟာ အဲ့ဒီနေရာမှာ ခြေလျင်တောင်တက်ကြရင်း ..
သူတို့ထဲက တစ်ယောက်ခြေခေါက်သွားတဲ့အတွက် တည်းခိုတဲ့နေရာကို အမြန်ပြန်ရောက်နိုင်ဖို့ ဖြတ်လမ်းကနေသွားဖို့ကြိုးစားကြပါတော့တယ်။
အဲဒီဖြတ်လမ်းဟာ နေပျောက်ထိုးမကျတဲ့ တောအုပ်ကို ဖြတ်သွားရပါတယ်။
တောအုပ်ထဲကအမှောင်ထုထဲမှာ ဘယ်လိုထူးဆန်းအံ့သြပြီး ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေ ရှိနေမလဲ….?
ဆိုတာကို ပရိတ်သတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုခြောက်ခြားတော်မူလိုက်ကြပါဦး။
ဒီကားဟာ ၂၀၁၇ မှာ British Independent Film Awards ကနေပေးတဲ့ Best Effect ဆုနဲ့ Catalonian International Film Festival ရဲ့ Best Actor ဆုကို ရရှိထားပါတယ်။
ဒါရိုက်တာကတော့ David Bruckner ဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Refe Spall, Arsher Ali, Robert James-Collier, Sam Troughton နဲ့ Paul Reid တို့ပဲဖြစ်ကြပါတယ်။
File size…1.82GB / 884MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….1h 34m
Genre ….. Mystery, Thriller, Folk Horror, Monster Horror, Drama
Subtitle….Myanmar Subtitle (Hard Sub)