7 w - Translate

ကလေးအဖေဖြစ်သွားပြီဖြစ်တဲ့ Captain America
စူပါဟီးရိုးဇာတ်ကောင် Captain America အဖြစ် လူသိများတဲ့ မင်းသားခရစ် အီဗန်စ်ဟာ သမီးဦးလေးကို ပိုင်ဆိုင်လိုက်ရပါပြီ။ ဇနီးဖြစ်သူ အယ်လ်ဘာ ဘာတစ်စတာက အောက်တိုဘာ ၂၄ ရက်နေ့မှာ သမီးလေးကို မွေးဖွားလိုက်တာပါ။
ခရစ်တို့စုံတွဲက သူတို့ရဲ့ဆက်ဆံရေးနဲ့ ကိုယ်ရေးကိုယ်တာကို ထုတ်ပြလေ့မရှိပါဘူး။ သူတို့ရဲ့ကလေးလေး မွေးဖွားပြီးကတည်းက ဘာမှ ပြောကြားလာခြင်းမရှိသေးပါဘူး။ ခရစ်ရဲ့ရင်းနှီးတဲ့သတင်းအရင်းအမြစ်အရ သမီးလေးမွေးဖွားခဲ့ပြီး Alma Grace Baptista Evans လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။
မိသားစုတစ်ခုထူထောင်တာက သူ့ရဲ့ရေရှည်ရည်မှန်းချက်ဖြစ်တယ်ဆိုတာကို ခရစ်က ထုတ်ပြေပြခဲ့ဖူးပါတယ်။ "ကျွန်တော် သေချာပေါက်လိုချင်တဲ့အရာက ဇနီး၊ ကလေးနဲ့ မိသားစု တည်ဆောက်တာပါပဲ"တဲ့။ ခရစ်ရဲ့ရည်မှန်းချက်က ပြည့်မြောက်သွားပြီလို့ ဆိုရမှာပါ။
ခရစ်နဲ့ အယ်လ်ဘာတို့က ၂၀၂၂ ခုနှစ်မှာ တွဲခဲ့ကြပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ လက်ထပ်ထိမ်းမြားခဲ့ကြတာပါ။

image