ရွှေဖရုံသီးကောက်ညှင်းဆန်ပြုတ်
---------------
ပါဝင်ပစ္စည်းများ
---------------
ရွှေဖရုံသီး အလုံးသေး တစ်လုံး
ကောက်ညှင်းဆန် နို့ဆီဗူးတစ်လုံး(1နာရီခန့်
ရေစိမ်ထားပါ)
ဆားအနည်းငယ်
သကြားညို စားပွဲတင်ဇွန်း 2ဇွန်း
ပြုလုပ်နည်း
---------------
ရွှေဖရုံသီး ကိုအခွံခွာပြီး သုံးလေးစိတ်ခန့် စိပ်ထားပါ။
အထဲက အစေ့များဖယ်ရှားပေးပါ။ အိုးတစ်လုံးထဲ ရွှေဖရုံစိပ်နဲ့ ရေခြောက်ခွက်ထည့်ပြီး မီးပြင်းပြင်းနဲ့ ၂၅ မိနစ်ခန့်တည်ထားပါ။
ရွှေဖရုံသီး နူးလာရင် ရေများဖယ်ရှားပြီး အအေးခံ ထားလိုက်ပါ။ အေးသွားရင် ဇွန်းဖြင့် ဖိချေပါ။ ကြေသွားရင်အိုးထဲထည့်ထားပါ။
ထို့နောက် သစ်သီးဖျော်စက်ထဲသို့ ကောက်ညှင်းဆန်ကို ရေ ဖြင့်သမအောင် မွှေဖျော်ပေးပါ။ ရရှိလာတဲ့ ကောက်ညှင်းဆန် အရည်များကို ရွှေဖရုံသီး အိုးထဲသို့ ပေါင်းထည့်ပေးပါ။
ရေ၊ ဆား၊ သကြားညို တို့ကို အိုးထဲထည့်ကာ သမအောင်ရောမွှေလိုက်ပါ။ ထို့နောက် အဖုံးအုပ်ပြီး အရည်များပြစ်သွားသည်အထိ တည်ထားပါ။
အရသာအပေါ့အငန် မြည်းကြည့်ပြီးရင်တော့ အရသာရှိတဲ့ ရွှေဖရုံသီးကောက်ညှင်းဆန်ပြုတ် ရရှိသွားပါပြီရှင်။