ငါ့မှာလည်း
တစ်နေ့ကျ မင်းနဲ့ အတူဆိုတဲ့
အိမ်မက်တွေ ရှိတယ်..။

မင်းနဲ့မှ မဟုတ်ရင်
ဘာမှ မဖြစ်နိုင်တော့သလိုမျိုး
အရူးမီးဝိုင်း ဖြစ်ခဲ့တာတွေလည်း
ရှိတယ်.။

မင်းကိုမှ မရရင်
သေရတော့မလိုမျိုး
ခံစားခဲ့ရတာတွေ ရှိတယ်..။

အဲ့လိုမျိုး မင်းနဲ့မှ မင်းကိုမှ
မဟုတ်ရင်
မဖြစ်ရင်
မရရင်
အဆုံးမရှိ
ဝင်္ကပါထဲ ငါဟာ
ပိတ်မိနေတဲ့
သားရဲတစ်ကောင်အလားပဲ အချစ်ရယ်။

ကျေးဇူးပြုပြီး
ငါ့ကို ကယ်တင်ပါ
ငါ့ကို ဆွဲခေါ်ပါ
ငါ့ကို ကြင်နာပါ
ငါ့ကို ယုယပါ
ငါဟာ မင်းနဲ့မှ မဟုတ်ရင်
မဖြစ်တော့လို့...။

-နော်ယာ