6 ပတ် - ဘာသာပြန်ပါ။

Phantom Thread (2017)
**********************
ဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။
Phantom Thread ထဲမှာထည့်သွင်းရိုက်ကူးခဲ့တဲ့ဝတ်စုံတွေကြောင့် အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဝတ်စုံဒီဇိုင်းဆုရရှိခဲ့ပါတယ်။
IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
စစ်ကြီးပြီး ၁၉၅၀ ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့ ကို ဇာတ်အိမ်တည်ထားပါတယ်။
Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကမှာ အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။
တစ်ကိုယ်တည်းနေ ၂ ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။
Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်း မရှိပါဘူး။ သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။
ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ် ..
သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး အရာရာဟာတစ်မူထူးခြားလာတဲ့နောက်မှာတော့ ……
ဒီကားလေးထဲမှာ ဇာတ်ကောင်တွေက ရှုပ်ထွေးပြီး တစ်ဦးနဲ့တစ်ဦးဆန့်ကျင်ဘက်ဖြစ်နေပေမယ့်လည်း နောက်ဆုံးမှာ တစ်ဦးကိုတစ်ဦးလိုအပ်ကြောင်းသိရှိမှုကနေ နားလည်မှုဖြစ်ပေါ်လာကြပုံကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
Phantom Thread ဟာ ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းထက် ပိုမိုနက်ရှိုင်းပြီး လူတွေရဲ့ဆက်ဆံရေးနဲ့ပတ်သက်လို့ ရှုပ်ထွေးတဲ့စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုပညာရပ်အကြောင်းအရာတွေလည်း ပါဝင်နေတာကြောင့် ကြည့်ရှု ခံစားကြည့်လိုက်ပါဦးနော် ..
File size…2.28GB / 914MB
Quality… BluRay 1080p/ 720p
Format…mp4
Duration….2h 10m
Genre ….. Romance, Drama, Psychological drama
Subtitle….Myanmar Subtitle (Hard Sub)

image