6 ပတ် - ဘာသာပြန်ပါ။

🔥❝ 🇸🇬MBS မှာမီးလောင်မှုဖြစ်ပွား ❞
စင်ကာပူနိုင်ငံ Marina Bay Sands (MBS) ဟော်တယ် ၅၅ လွှာမှာ ယနေ့ နေ့လည် ၃ နာရီ ၄၀ မိနစ်လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
MBS မှာမီးလောင်မှုဖြစ်နေတာကို အဝေးကနေ သင်္ဘောကြီးဦးပိုင်းမှာ မီးခိုးငွေ့တွေထွက်နေသလို မြင်ခဲ့ကြရပါတယ်။
ဟော်တယ် ၅၅ ထပ်မှာ ပလတ်စတစ်ကြမ်းခင်းစ မီးလောင်ခဲ့ရာမှာ ဟော်တယ်ဝန်ထမ်းတစ်ယောက်က မီးသတ်မရောက်ခင် ရေပိုက်ခေါင်းနဲ့ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုဟာ သေးငယ်ပြီး ဟော်တယ်ဧည့်သည်တွေ မဝင်ရောက်နိုင်တဲ့နေရာမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ပုံတစ်ခုမှာ ၅၅ ထပ်အပေါ်ဆုံးနေရာမှာ မီးတောက်ကို သေသေချာချာမြင်နိုင်ပါတယ်။
မီးလောင်မှုစဖြစ်ပွားခဲ့တာဟာ အဲ့ဒီနေရာ အနီးအနားက ဝရိန်ဆော်နေရာကနေ စတင်မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
၂၀၁၀ မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ MBS ဟော်တယ်ကြီးဟာ ၅၅ ထပ်အထိရှိပြီး ဟော်တယ်တည်ရှိရာ MBS တာဝါကြီး သုံးခုက ၅၇ ထပ်စီရှိပါတယ်။
ကျနော်တို့အဝေးကနေ မြင်နေရတဲ့ သင်္ဘောကြီးလို စားသောက်ဆိုင်တွေနဲ့ SkyPark ရှိတဲ့နေရာဟာ ၅၇ ထပ်အမြင့်ဆုံးနေရာမှာ ဖြစ်ပါတယ်။
MBS တာဝါကြီးသုံးခုပေါင်း အခန်းပေါင်း ၂,၅၀၀ ကျော်ရှိတာဖြစ်ပြီး အောက်ထပ်နဲ့ မြေအောက်အလွှာတွေမှာ ဇိမ်ခံပစ္စည်းတွေရောင်းတဲ့ အဆင့်မြင့်ရှော့ပင်းမောတည်ရှိတာဖြစ်ပါတယ်။
MBS ကဈေးကြီးပေမဲ့ အောင်မြင်တဲ့အတွက် အနီးအနားမှာပဲ အခုလို ၅၇ ထပ်ရှိတာဝါတစ်ခုထပ်ဆောက်နေတာ ဖြစ်ပါတယ်။
အခုလို အထပ်ပေါင်း ၆၀ နီးပါးလောက်ရှိပြီး အခန်းပေါင်း ၂၅၀၀ ကျော်ပါဝင်တဲ့ အဆောက်အဦးတာဝါကြီးတွေရဲ့ အထပ်မြင့်နေရာတွေမှာ မီးလောင်မှုဖြစ်ရင် အလျင်အမြန်ငြိမ်းသတ်နိုင်ဖို့ လိုပါတယ်။
တစ်ခုခုဆိုရင် SkyPark နဲ့ဟော်တယ်တာဝါကြီးတွေမှာရှိတဲ့ အခန်းတွေက ဧည့်သည်တွေဟာ အောက်ကိုဆင်းဖို့ရာ မလွယ်ပါ။
နောက်ပြီး ဝရိန်ဆော်ရာမှာလည် Safe Work Procedure ကို သေသေချာချာလိုက်နာဖို့လိုပြီး မီးပွားကနေ မီးမလောင်အောင်ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
"အမှိုက်ကစပြသဒ်မီးလောင်" ဆိုတဲ့ မြန်မာစကားပုံဟာ Safety Precaution အတွက် အင်မတန်အရေးပါတဲ့ စကားပုံဖြစ်ပါတယ်။
ဟော်တယ်တာဝါကြီးတစ်ခုလုံး မီးလောင်သွားတာမျိုးမဖြစ်နိုင်ပေမဲ့ အရေးပေါ်အခြေအနေမှာ ထွက်ပြေးရင်း တစ်စုံတစ်ဦးအကြီးအကျယ်ထိခိုက်သွားနိုင်တဲ့ case မျိုးဖြစ်တာမို့ သတိထားကြဖို့ လိုအပ်ပါတယ်။

imageimage