ငါဟာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူတစ်ယောက် ဖြစ်ရမယ် ။ ဒါဟာ ငါ့ဘဝမှာ အရေးအကြီးဆုံး အခြေခံအကျဆုံး ဆုံးဖြတ်ချက် ဖြစ်တယ် ။
ငါ လိုချင်တဲ့ပညာကို ကိုယ့်အားကိုယ်ကိုးပြီး ရှာနိုင်ရမယ် ။ မြင့်မြတ်တဲ့ အမှန်တရားကို သိနိုင်တဲ့သူ ဖြစ်ရမယ် ။ ငါလိုချင်တဲ့ ဝင်ငွေကို ကောင်းတဲ့နည်းနဲ့ လုံလောက်အောင် ရှာနိုင်တဲ့သူ ဖြစ်ရမယ် ။ ငါလုပ်တဲ့ အလုပ်ဟာ လူ့အသိုင်းအဝိုင်းကို အကျိုးပြုတဲ့အလုပ် ဖြစ်ရမယ် ။ ငါ့အသိုင်းအဝိုင်းထဲမှာ ငါ ယူသင့်တဲ့ တာဝန်ကို ယူတဲ့သူ ဖြစ်ရမယ် ။ ငါ့ကိုယ်ကိုငါ လေးစားတဲ့သူ ဖြစ်ရမယ် ။ ငါ့ရဲ့ကိုယ်ကျင့်သိက္ခာကို လူအများ လေးစားနိုင်ရမယ် ။ ငါ့ရဲ့ ရိုးသားမှု ဖြောင့်မတ်မှုကို အစစ်အဆေး ခံနိုင်တဲ့သူ ဖြစ်ရမယ် ။
အဲဒီလို ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသား ထားနိုင်ရင် ဘယ်သူမဆို အောက်တန်းကျတဲ့သူ မဖြစ်တော့ဘူး ။ ဂုဏ်သိက္ခာရှိတဲ့သူပဲ ဖြစ်မယ် ။
#ဆရာတော်ဦးဇောတိက