6 w - Translate

၁၉၄၀ ပြည့်နှစ် ဇွန်လမှာ ပြင်သစ်နိုင်ငံဟာ ဂျာမန်တပ်တွေရဲ့ ထိုးစစ်ကို ခံခဲ့ရပြီး ကျရူံးခဲ့ပါတယ် အဲ့ဒီကာလအတွင်း ဗြိတိသျှစစ်တပ်ရဲ့ ဟိုင်းလန်းဒ်တပ်မ ဟာ ဂျာမန်တပ်ဖွဲ့တွေရဲ့ ဖိအားပေးမှုကို ခံခဲ့ရပြီး စစ်သားများစွာ ဖမ်းဆီးခံခဲ့ရပါတယ်
ဖမ်းဆီးခံရသူတွေထဲမှာ Argyll နဲ့ Sutherland Highlanders တပ်ရင်းမှ တပ်သားဝီလျံကမ့် (William Kemp) ၊ တပ်ကြပ် စန်ဒီမက်ဒေါ်နယ် ( Sandy MacDonald) နဲ့ ယာဉ်မောင်းတပ်ကြပ် ဂျိမ်းစ် “ဂျင်းဂါး” ဝီလ်ဆင် ( James “Ginger” Wilson) ဆိုတဲ့ စကော့တလန်သား သုံးဦး ပါဝင်ခဲ့ပါတယ် ၎င်းတို့ဟာ ၎င်းတို့ရဲ့ဇာတိဘာသာစကားဖြစ်တဲ့ စကော့တလန် Gaelic ကို ပြောဆိုကြသူတွေဖြစ်ကြပါတယ်
ဒီစကော့တလန်စစ်သားသုံးဦးဟာ ပထမအကြိမ် ဖမ်းဆီးခံရပြီးနောက် ထွက်ပြေးခဲ့ကြပေမဲ့လည်း ဂျာမန် စစ်ဆေးရေးဂိတ်တစ်ခုမှာပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ် ဒုတိယအကြိမ်ဖမ်းဆီးခံခဲ့ရပြီး ဂျာမန်တွေက စစ်ဆေးမေးမြန်းတဲ့အခါ အဲ့ဒီစစ်သားသုံးဦးဟာ Gaelic ဘာသာစကားကိုသာ တသမတ်တည်း ပြောဆိုခဲ့ကြပါတယ် ၎င်းတို့ဟာ အင်္ဂလိပ်၊ ပြင်သစ် နဲ့ ဂျာမန်ဘာသာစကားတွေကို လုံးဝ နားမလည်ဟန်ဆောင်ခဲ့ကြပါတယ်
ဂျာမန် စစ်သာတွေအနေနဲ့ Gaelic ဟာ လုံးဝ မရင်းနှီးတဲ့ ဘာသာစကားဖြစ်တာကြောင့် ၎င်းတို့ကို ဗြိတိသျှ ပြင်သစ်စစ်သားတွေလို့မထင်ကြဘဲ အရှေ့ဥရောပ မှ လာတဲ့သူတွေ ဖြစ်နိုင်တယ်လို့ ထင်ခဲ့ကြပါတယ်
ဂျာမန်စစ်သားတွေက သူတို့ကို ဘယ်နေရာမှ လာတာလဲဆိုတာကိုသိရှိရန် မြေပုံတစ်ချပ်ကို ပြတဲ့အခါ ၄င်းတို့ဟာ ယူကရိန်းနိုင်ငံကို လက်ညှိုးထိုးပြခဲ့ပါတယ် ဒါကြောင့် ဂျာမန်စစ်သားတွေဟာ ဂျာမနီအတွက် အလုပ်လုပ်ဖို့ ပြင်သစ်ကို ရောက်ရှိလာတဲ့ နိုင်ငံခြားသား အလုပ်သမားတွေဆိုပြီး ထင်ခဲ့ကြပါတယ် အဲ့လိုနဲ့ ဂျာမန် စစ်သားတွေဟာ သူတို့သုံးဦးကို ဗြိတိသျှစစ်သားတွေ မဟုတ်ဘဲ နိုင်ငံခြားက အလုပ်သမားတွေလို့ထင်သွားပြီး လွှတ်ပေးခဲ့ပါတယ်
ပြန်လည်လွတ်မြောက်ပြီးနောက် အဲဒီစစ်သားသုံးဦးဟာ ဂျာမန်တွေသိမ်းပိုက်ထားတဲ့ ပြင်သစ်နိုင်ငံက နယ်မြေတွေကို ဖြတ်သန်းကာ ခရီးဆက်ခဲ့ကြပါတယ် နောက်ဆုံးမှာ ကြားနေနိုင်ငံဖြစ်တဲ့ စပိန်နိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး အဲ့ဒီမှတစ်ဆင့် ဗြိတိသျှ ကောင်စစ်ဝန်ရုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ၎င်းတို့ဟာ ကောင်စစ်ဝန်ရုံးရဲ့အကူအညီနဲ့ဗြိတိန်နိုင်ငံ သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်
ဒီဖြစ်ရပ်ဟာ စစ်ပွဲကာလအတွင်း အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် စစ်သားတွေရဲ့ ပင်ကိုယ်ဉာဏ် နဲ့ စွန့်စားရဲစွမ်းသတ္တိကို ဖော်ပြခဲ့တဲ့ ထူးခြားသမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image