ပရီးမီးယားလိဂ်ဖလား ရရှိနိုင်တယ်လို့ ယုံကြည်နေကြရန် အာဆင်နယ်ပရိသတ်များအား အာတီတာ ပြောကြားလာ

မီခေးလ်အာတီတာက အာဆင်နယ်ပရိသတ်များအနေဖြင့် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်တယ်လို့ စတင်ယုံကြည်နေကြရန် ပြောကြားလာပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားအား ၄ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အတွက် နှာတစ်ဖျားသာနေစေတာက မန်စီးတီးကို ၆ မှတ်ဖြတ်၊ လက်ရှိ ချန်ပီယံ လီဗာပူးကို ၇ မှတ်ဖြတ်ထားနိုင်တာပါ။

စကိုင်းစပေါ့ဝေဖန်သူ ဂယ်ရီနဗီးလ်က ပရီးမီးယားလိဂ်ဖလားမှာ အာဆင်နယ်အတွက်သာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလားအား နောက်ဆုံးအကြိမ် ဆွတ်ခူးခဲ့တာ ၂၀၀၃-၀၄ ရာသီတုန်းက ဖြစ်ပါတယ်။

ယခုရာသီတွင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ အထိ ၃ ဂိုးတည်းသာပေးထားရကာ အကောင်းဆုံးခံစစ်အား ပိုင်ဆိုင်ထားသလို အလွတ်တည်ကန်ဘောမှ ဂိုးရယူနိုင်မှုများအတွက်လည်း ချီးကျူးခြင်းခံနေရပါတယ်။

ယခုအခါ အာတီတာက "ကျွန်တော့်လူတွေ စိတ်လှုပ်ရှားနေချိန်မှာ ထိပ်တန်းအဆင့်မှာ ဆက်တိုက်လုပ်ပြနိုင်တဲ့အသင်း ရှိတာ မြင်နိုင်ပါတယ်။ သူတို့အနေနဲ့ ယုံကြည်မှု ရှိဖို့ မှန်ကန်တဲ့အကြောင်းပြချက်တွေ ရှိပါတယ်။ ဆုဖလားကြီးတွေ ရချင်တယ်။ ရချင်ရင် အသင်း၊ ကလပ်နဲ့ ပတ်ဝန်းကျင်မှာ ဒီခံစားချက် ထည့်သွင်းပေးရပါမယ်။ အခု ကျွန်တော်တို့ အချိန်ကောင်း အခါကောင်း ကြုံနေရတယ်။ ဒါပေမယ့် စောနေသေးတာရော ပွဲတွေ ခက်ခဲတာရော သိပါတယ်"လို့ ပြောကြားသွားပါတယ်။

စနေနေ့တုန်းက ပဲလေ့စ်နိုင်ပွဲတွင် ဒီကလန်ရိုက်က ဖရီးကစ်မှ တဆင့် ဂိုးသွင်းယူပြီးနောက် ယခုရာသီတွင် အာဆင်နယ်ဟာ အလွတ်တည်ကန်ဘောမှ ၁၁ ဂိုးအထိ ရယူထားနိုင်ပြီ ဖြစ်ပါတယ်။

image