ရွေးကောက်ပွဲနေ့ရက်များအတွက် သတင်းမီဒီယာသမားများ ၏ သတင်းရယူခွင့် သက်သေခံကတ်ပြားများကို ဒီဇင်ဘာ ၁၂ ရက် နောက်ဆုံးထား လျှောက်ထားရမည်
ရွေးကောက်ပွဲနေ့ရက်များအတွက် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာသမားများ၏ သတင်းရယူခွင့် သက်သေခံကတ်ပြားများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိပေးကြေညာထားသည်။
သတင်းရယူလိုသည့် ပြည်တွင်းမီဒီယာများကို အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ခရိုင်တစ်ခုချင်းစီအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များတွင် မီဒီယာတစ်ခုလျှင် (၄) ဦးနှုန်းဖြင့် သတင်းရယူခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းရယူခွင့် သက်သေခံကတ်ပြားများ လျှောက်ထားရာတွင် မိမိကိုယ်စားပြုသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းမှ ရွေးကောက်ပွဲ သတင်းရယူရန် တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာကို တင်ပြ၍ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။