အင်တာမီလန်ဂိုးသမားဂျိုးဆက်ဖ်မာတီနက်ဇ်ရဲ့ ကားနှင့် တိုက်မိကာ ဝှီးရှဲသုံး လူတစ်ဦး သေဆုံး
=================

လူတစ်ဦးဟာ အင်တာမီလန်ဂိုးသမားဂျိုးဆက်ဖ်မာတီနက်ဇ် မောင်းနှင်လာတဲ့ ကားနှင့် သူ့ရဲ့ လျှပ်စစ်ဝှီးရှဲတို့ တိုက်မိပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

ယင်းမတော်တဆမှုမှာ ကိုမိုပြည်နယ်တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ယင်းဝှီးရှဲမှာ စက်ဘီးလမ်းကြောင်းပေါ်မှ မောင်းနှင်နေရာမှ ကားလမ်းကြောင်းပေါ်တွင် တက်သွားရမှာ ယာဉ်တိုက်မှု ဖြစ်သွားခြင်းဖြစ်ကြောင်း ပြောကြားထားပါတယ်။

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်များဟာ အမှုကို အပြည့်အစုံ သိရှိရရေး ဆက်လက် စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ မာတီနက်ဇ်ရဲ့ ယာဉ်တိုက်မှုဖြစ်ပျက်မှုနှင့်အတူ ယနေ့ည ဖီအိုရင်တီးနားနှင့် စီးရီးအေပွဲမတိုင်မီ ပြုလုပ်ရန် စီစဉ်ထားတဲ့ သတင်းစာရှင်းလင်းပွဲအား ဖျက်သိမ်းခဲ့ပါတယ်။

ကလပ်ဘက်က မာတီနက်ဇ်အမှုနှင့်ပတ်သက်ပြီး တစုံတရာ ပြောကြားရန် ငြင်းဆိုထားပါတယ်။

မာတီနက်ဇ်ဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် စီးရီးအေကလပ် ဂျီနိုအာမှ ပြောင်းလာပြီးနောက် အင်တာမီလန်တွင် ဒုတိယဦးစားပေးဂိုးသမားအဖြစ် ကစားလာခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားဟာ လက်စ်ပါးမက်စ်၊ ရက်ဘူးလ်လိုက်ဇစ်တို့တွင် ကစားလာခဲ့သူ ဖြစ်ပြီး အင်တာမီလန်အတွက် ၁၂ ပွဲကစားထားပါတယ်။

image