လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ဝက်စ်ဟမ်းမှ ပါကွီတာ ထွက်ခွာလိုနေ
=================
လူးကပ်စ်ပါကွီတာဟာ ဆိုးရွားတဲ့ ရာသီတစ်ခုနှင့် ကြုံရပြီးနောက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ဝက်စ်ဟမ်းမှ ထွက်ခွာလိုနေပါတယ်။
ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ အားကစားလုပ်ပွဲမှုဖြင့် စွဲချက်တင်ခြင်းခံခဲ့ရသူ ဖြစ်ပြီး ၂ နှစ်ကြာ အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် အမှုမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဗီလာဟာ နွေရာသီတုန်းက ပါကွီတာအား ခေါ်ယူရေး ကမ်းလှမ်းခဲ့ပေမယ့် ဝက်စ်ဟမ်းက ပယ်ချခဲ့ပါတယ်။
ယခုအခါမှာတော့ ဝက်စ်ဟမ်းဘက်ကလည်း လာမယ့် ဇန်နဝါရီတွင် ပါကွီတာကို ပေါင်သန်း ၆၀ ဝန်းကျင်ရရိပါက ရောင်းချရန် တံခါးဖွင့်ပေးလာပါတယ်။
ယင်းသိ့ ပေါင်သန်း ၆၀ အထိ တောင်းဆိုလာမှုနှင့်အတူ ပါကွီတာအား ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များရဲ့ စိတ်ဝင်စားမှု လျှော့ကျနေပါတယ်။
အသက် ၂၈ နှစ်ရှိ ပါကွီတာဟာ ယခုရာသီတွင် ရလဒ်ဆိုးရွားနေတဲ့ ဝက်စ်ဟမ်းအတွက် ၂ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
ဝက်စ်ဟမ်းဟာ ရလဒ်ဆိုးရွားနေမှုနှင့်အတူ လာမယ့် ဇန်နဝါရီတွင် နည်းပြနူနိုအား ကစားသမားဝယ်ယူအားဖြည့်ကာ တန်းမဆင်းရရေး တိုက်ပွဲဝင်လာပါမယ်။
ဝက်စ်ဟမ်းအနေဖြင့် ကစားသမားဝယ်ယူအားဖြည့်ရန်အတွက် ငွေကြေးလိုအပ်ချက် ရှိနေပြီး ပါကွီတာကို ရောင်းချဖို့ အသင့်ရှိနေပါတယ်။
ဒါပေမယ့် ဝက်စ်ဟမ်းရဲ့ ဖလာမင်ဂိုကွင်းလယ်ကစားသမားဟောင်းအပေါ် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက မြင့်မားနေမှုနှင့်အတူ စိတ်ဝင်စားမှုလျှော့ကျနေပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ဆောက်သမ်တန်မှ ပေါင်သန်း ၃၀ ဖြင့် ပြောင်းလာတဲ့ ဂျိမ်းစ်ဝတ်ပရောက်စ်မှာလည်း လာမယ့် ဇန်နဝါရီတွင် ဝက်စ်ဟမ်းမှ ထွက်ခွာနိုင်ပါတယ်။