အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျုဒိုအားကစားသမားများ နောက်ဆုံးဆန်ခါတင်လက်ရည်ဆန်းစစ်
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို အားကစားသမားများအား နောက်ဆုံးဆန်ခါတင် လက်ရည်ဆန်းစစ်ခြင်းနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျူဒိုနေ့ အထိမ်းအမှတ် ဂျူဒိုပြိုင်ပွဲကို ယမန်နေ့က နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လက်ရည်ဆန်းစစ် ဂျူဒိုပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အမျိုးသမီး (-၅၂)ကီလိုတန်းပြိုင်ပွဲ ၊ အမျိုးသမီး (-၅၇)ကီလိုတန်းပြိုင်ပွဲ ၊ အမျိုးသမီး(-၇၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (-၇၃)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(-၈၁)ကီလိုတန်းပြိုင်ပွဲစသည့် ပြိုင်ပွဲများကျင်းပခဲ့ပြီး ဆုချီးမြှင့်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသမီး (+၇၀) ကီလိုတန်း ပြိုင်ပွဲတွင် ပထမအေးအေးအောင် (GC) ၊ ဒုတိယ ဖြိုးရွှေစင်ကျော်(GC) ၊ တတိယ နန်းသဲနုနုစံ(YC)နှင့် အမျိုးသား(-၉၀)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ကျော်ခန့်စိုး(GC) ၊ ဒုတိယ ဇော်လင်းဖြိုး၊ ပူးတွဲတတိယ စထက်ဝေဖြိုး (YC) နှင့် အောင်ပိုင်ခန့်(YC) တို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲ နီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် လေ့ကျင့်မှုပြုလုပ်ရာတွင် ထိခိုက်ဒ-ဏ်ရာ မရရှိအောင် ဂရုစိုက်လေ့ကျင့်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။