အမျိုးသားအဆင့် ပလတ်စတစ် စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၅)ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်များအား အကျိုးရှိစွာအသုံးပြုမှုကို ဦးစားပေးသည့် ကာဗွန်ထုတ်လွှတ်မှုနည်းသော၊ တာဝန်ရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်အတွက် အစိမ်းရောင်စီးပွားရေး မူဝါဒမူဘောင်ကိုလည်း ရေးဆွဲလျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန် ကြီးဌာန ဝန်ကြီး H.E. Mr. TSE Chinwan ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Hong Ko ng Asia World-expo ၌ အောက်တိုဘာ (၂၈) ရက်မှ (၃၀) ရက်အထိ ကျင်းပသည့် အကြိမ် (၂၀) မြောက် Eco Expo Asia 2025 ဖွင့်ပွဲ မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စွန့်ပစ်ပစ္စည်းထွက်ရှိမှု တိုးလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစ ဉ် (၂၀၁၈-၂၀၃၀) နှင့် ပလတ်စတစ်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၅) ကို ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီး က ပြောသည်။

မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ပြည်ထောင်စုဝန် ကြီး ကပြောကြားခဲ့သည်။

ထို့နောက် ဟောင်ကောင်၏ မဟာဗျူဟာနှင့် ရာသီဥတုဒ-ဏ်ခံနိုင်ရည်ရရှိရေးအတွက် ဆောင်ရွက်နေသော အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ၊ ကာဗွန်မျှခြေရရှိရေးနှင့် ပတ်လည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အစိမ်းရောင်အဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေး၊ ကာဗွန်ဈေးကွက် ဖွံ့ဖြိုးရေးနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်အခြေပြု ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးရေး၊ စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ထုတ်လုပ်သုံးစွဲရေးစသည့် အကြောင်းအရာများပါဝင်သော နည်းပညာ နှီးနှောဖလှယ်ပွဲကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးရည်မှန်းချက်များ ရရှိရေးအတွက် သဘာဝအခြေပြု ဖြေရှင်းနည်းလမ်းများ (Nature-based Solutions) ဖြစ်သ ည့် အမြဲတမ်းသစ်တောနယ်မြေများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ သစ်တောစိုက်ခင်းများ တိုးမြှင့်တည်ထောင်လျက်ရှိပြီး နိုင်ငံတော်၏ စွမ်းဆောင်ရည်နှင့်အညီ “NDC 3.0” ကို ဖော်ဆောင်လျက်ရှိကာ ပြည်သူလူထုပူးပေါင်းပါဝင်သည့် အစိမ်းရောင်ဖွံ့ဖြိုးရေးကမ်ပိန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image