7 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မုန်တိုင်းအရှိန်ကြောင့်ရန်ကုန်တိုင်းအပါတိုင်းနှင့် ပြည်နယ်အချို့မိုးရွာသွန်းနိုင်
ဘင်္ဂလား ပင်လယ်အော်(အနောက်တောင်ပိုင်း)နှင့် ဘင်္ဂလားပင်လယ်အော် (အနောက်အလယ်ပိုင်း)တို့တွင် ဖြစ်ပေါ်နေသောဆိုင်က လုန်းမုန်တိုင်း(မွန်ထာ)အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်ကြောင်းမိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း(မွန်ထာ)သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏အနောက်ဘက် ရေမိုင် ၅၈၅ မိုင်ခန့်
ကို ဗဟိုပြုနေသော်လည်း မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ ၍ အဝါရောင်အဆင့်သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(မွန်ထာ)အရှိန်ကြောင့် ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းနှင့်
တနင်္သာရီတိုင်းဒေသကြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့်နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာ၀ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုကြရန်မိုး/ဇလက အသိပေးထားကြောင်းသိရသည်။
ထို့ပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်
လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန်လည်း မိုး/ဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

image