7 w - Translate

ထပ်ခါထပ်ခါ မစဉ်းစားနဲ့
------------------------------
တခါတုန်းက ဟောပြောပွဲ တစ်ခုမှာ
ပညာရှိဟောပြောသူ တစ်ယောက်က
အလွန်ရယ်ရတဲ့ ဟာသတစ်ခုကို ပြောလိုက်ပါတယ်။
လူတွေကလည်း ဝါးလုံးကွဲ ရယ်(ရီ)ကြတာပေါ့။
မကြာခင်မှာ အဲ့ဒီ ဟာသကိုပဲ
နောက်တစ်ကြိမ် ထပ်ပြောပြလိုက်ပါတယ်။
ဒီတစ်ကြိမ်မှာတော့
လူနည်းနည်းပဲ ရယ်(ရီ)ပါတော့တယ်။
တအောင့်လောက်နေတော့
နောက်ထပ် တစ်ကြိမ်
ထိုဟာသကိုပဲ ပြန်ပြောပါတယ်။
ဒီတစ်ကြိမ်မှာတော့
ဘယ်သူမှ ရယ်(ရီ)မည့်သူ မရှိတော့ပါဘူး။
ထိုအချိန်ကျမှ
ဟောပြောသူက ပြုံးပြီး ပြောပါတယ်။
ဟာသတစ်ခုတည်းကို
ခင်ဗျားတို့ ထပ်ခါထပ်ခါ မရယ်(ရီ)ကြဘူး မဟုတ်လား
အဲဒါဆို ဘာလို့ ခင်ဗျားတို့ အားလုံး
အကြောင်းအရာ တစ်ခုတည်းကြောင့်ပဲ
ခဏခဏ ၀မ်းနည်းနေကြတာလဲ...... တဲ့။
ဘ၀မှာ ၀မ်းသာစရာ ရှိမယ်
၀မ်းနည်းစရာလည်း ရှိမယ်။
ဒါပေမဲ့...ဘာတွေပဲ ဖြစ်နေပါစေ
ဘယ်အရာမှ မတည်မြဲပါဘူး။
ဟာသ တစ်ခုကို
ထပ်ခါထပ်ခါ မရယ်(ရီ)ကြသလို
စိတ်ညစ်စရာ (သို့မဟုတ်)
ဝမ်းနည်းစရာ တစ်ခုကိုလည်း
ထပ်ခါထပ်ခါ မတွေးပါနဲ့။ ထပ်ခါထပ်ခါ မခံစားပါနဲ့။
ဘဝမှာ စိတ်ညစ်စရာဖြစ်ဖြစ် ဝမ်းနည်းစရာဖြစ်ဖြစ်
ကြုံလာတဲ့အခါ တစ်ခါလောက်တော့ ခံစားလိုက်ပါ
ပြီးရင်တော့ မေ့ပစ်လိုက်ပါ................။
with respect - credit

image