7 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားနှင့်ပတ်သက်၍ မက်ဆီမဆုံးဖြတ်ရသေး
---------------------

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်လို့ အခုချိန်ထိ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြောလိုက်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး မက်ဆီက ပါဝင်ကစားဖို့ ဆန္ဒရှိတယ်ဆိုပေမယ့် ပြိုင်ပွဲ ကျင်းပချိန်မှာ ရှိနေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုအခြေအနေကို ကြည့်ပြီးမှ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

လက်ရှိအချိန်မှာ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကစားခဲ့တဲ့ ဗင်နီဇွဲလား အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲက အာဂျင်တီးနားမြေပေါ်မှာ သူနောက်ဆုံး ကစားပေးတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြစ်တယ်ဆိုပြီး ပြောထားခဲ့ဖူးတာဖြစ်ပါတယ်။ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာနိုင်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်နေပြီး ဒါကလည်း ကြံ့ခိုင်မှုအပြည့်နဲ့ အသင်းအတွက် ကူညီပေးနိုင်တယ်ဆိုမှသာ ကစားဖို့ ဆုံးဖြတ်သွားမယ်လို့ မက်ဆီကပြောပါတယ်။

လက်ရှိမှာတော့ ကြံ့ခိုင်မှု ပုံစံကို တစ်ရက်ချင်းအလိုက် စောင့်ကြည့်သွားမှာဖြစ်သလို အင်တာမိုင်ယာမီ အသင်းရဲ့ ပွဲတွေမှာ အကောင်းဆုံးကစား ပေးနိုင်ဖို့ကို ကြိုးစားနေပါတယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ မက်ဆီက ပြောပါတယ်။ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပလေးအော့ဖ် ပထမအကျော့မှာ နက်ရှ်ဗီလီ အသင်းကို ၃ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရထားပြီး ဒုတိယအကျော့ပွဲကို နိုဝင်ဘာ ၂ ရက်နေ့မှာ ကစားရဖို့ရှိနေတာ ဖြစ်ပါ တယ်။

image