ဘားအံ၌ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား
---------------------

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘားအံ-ကော့ကရိတ် လမ်းပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်မှာ အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲ ၁ နာရီအချိန်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်၊၊

မီးလောင်ရာနေရာကို ကရင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးနဲ့ ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁၅)စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ လူမှုကူညီရေးအသင်းတွေနဲ့အတူ သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ် အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၂ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်၊၊

စက်သုံးဆီဆိုင် မီးလောင်မှုကြောင့် စက်သုံးဆီဆိုင်နဲ့ ဆီဘောက်ဆာကားတချို့အပြင် အနီးရှိ ဆိုင်ခန်းတချို့လည်း မီးလောင်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

image