ထိုင်း စတိုင်စ် ပဲကြာဇံသုပ် ‼️
****************************❤️
ပဲကြာဇံ 150 g
အသား ကြက်/ ဝက် 60 g
ပုဇွန် / ပင်လယ်စာ မိမိ အကြိုက်
ကြက်သွန်နီ ပါးပါးလှီး ၂ လုံး
ကြက်သွန်ဖြူ နုတ်နုတ်စင်း ၃ မွှာ
ဥနီ အလှဆင်ရန် ခြစ်ထားပါ အနည်းငယ်
ကြက်သွန်မိတ် ပါးပါးလှီး အနည်းငယ်
တရုတ်နံနံ ။ ။ ။
ငရုတ်သီး စိမ်း /အနီ ။ ။ ။
ခရမ်းချဉ်သီး အစေ့ထုတ် ပါးပါးလှီး ၁ လုံး
ကြက်/ ဝက်သား က နုတ်နုတ်စင်း ထား တာ နော်
ပဲကြာဇံ ၊ အသား ၊ပင်လယ်စာ ကို ရေဆူဆူ မာ ပြုတ် ပြီး ရေအေး နဲ့ ပြန်ဆေး ၊ ဇကာ နဲ့ စစ် ထားပါ
ငံပြာရည် ၂ ထမင်းစားဇွန်း
သံပုရာရည် ၃ ။ ။
သကြား ၁ ။ ။
ငရုတ်သီးဆော့ ၂ ။ ။
အချိုမှုန့် ကြိုက်ရင် ထည့်ပါ အနည်းငယ်
ဇလုံ တလုံး မာ ရော မွှေ ပြီး ပါဝင်ပစ္စည်း တွေ ထည့် တဲ့အခါ အသား ပင်လယ်စာ ကို အရင်ထည့်ပါ
အရသာ ဝင်အောင်လို့ နော်
မြေပဲ လှော် ကို အပါ် ကနေ ထည့် ကြပါသေးတယ်
တချို့ က တော့ မထည့်ကြဘူး