ကမ္ဘာအေးစေတီ၌ မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပမည်
--------------------------
ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ကမ္ဘာအေးစေတီတော်မြတ်ကြီးရဲ့ (၂၅)ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်ကပ်လှူပူဇော်ပွဲနဲ့ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကို လာမဲ့ တန်ဆောင်မုန်းလဆန်း ၁၄ ရက် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။
မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲ ဖွင့်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ ညနေပိုင်းမှာ ကျင်းပမှာ ဖြစ်ပြီး တန်ဆောင်းမုန်းလပြည့်နေ့ နိုဝင်ဘာ ၄ ရက်၊ မနက်အရုဏ်မတက်ခင်မှာ ရက်လုပ်ထားတဲ့ သင်္ကန်းတော် တွေကို ကပ်လှူပူဇော်သွားမှာဖြစ်ပြီး မနက်ပိုင်းမှာတော့ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကာ လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှဝေသွားမှာ ဖြစ်ပါတယ်။
မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူပူဇော်ပွဲနဲ့ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲမှာ ပါဝင်လှူဒါန်းချင်သူတွေ အနေနဲ့ စေတီတော်ဂေါပကအဖွဲ့ရုံး ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။