13 ပတ် - ဘာသာပြန်ပါ။

Dickinsonia (ဒစ်ကင်ဆိုနီယာ)
Dickinsonia တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၈ သန်းခန့်က Ediacaran ခေတ်နှောင်းပိုင်းမှာ နေထိုင်ခဲ့တဲ့ ပင်လယ်ရေနေ သတ္တဝါအမျိုးအစားဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ဘူမိဗေဒပညာရှင် Reginald C. Sprigg က ဩစတြေးလျနိုင်ငံတောင်ပိုင်းက Ediacara တောင်ကုန်းတွေမှာ ဒီရုပ်ကြွင်းတွေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်က တောင်ဩစတြေးလျကမိုင်းတွင်း (Mines of South Australia)တွေရဲ့ ဒါရိုက်တာဖြစ်တဲ့ Ben Dickinson ကို ဂုဏ်ပြုတဲ့အနေနဲ့ Dickinsonia လို့ နာမည်ပေးခဲ့တာပါ။
Ediacaran biota လို့ခေါ်တဲ့ အဲဒီခေတ်ကသက်ရှိတွေဟာ နက်နဲဆန်းကြယ်ပြီး လက်ရှိခေတ်မှာ တွေ့ရတဲ့သက်ရှိမျိုးစိတ်တွေနဲ့ အနည်းငယ်မှ ဆင်တူလေ့မရှိပါဘူး။
(​Dickinsonia ရဲ့ ထူးခြားချက်များ)
ပုံသဏ္ဌာန်နှင့် အရွယ်အစား - Dickinsonia ရုပ်ကြွင်းတွေဟာ ဘဲဥပုံစံမျိုး ဖြစ်ပြီး၊ အလယ်တည့်တည့်မှာ မြောင်းတစ်ခုရှိကာ အဲဒီမြောင်းဘေးတလျှောက်မှာ အကန့်လိုက်တွေပါဝင်ပါတယ်။ အရွယ်အစားကတော့ အနည်းငယ်မီလီမီတာကနေ ၁.၄ မီတာ (၄ ပေ ၇ လက်မ) အထိရှိနိုင်ပါတယ်။
တိရစ္ဆာန်အုပ်စုအဖြစ် သတ်မှတ်ခြင်း - Dickinsonia ကို ဖားဥအမြှေး (fungi)၊ ရေညှိ (lichen) ဒါမှမဟုတ် protozoan (တစ်ရှူးမရှိတဲ့ တစ်ရှူးကပ်သက်ရှိ) အဖြစ် သတ်မှတ်ခဲ့ကြဖူးပေမဲ့ အဲဒီရုပ်ကြွင်းတွေထဲမှာ ကိုလက်စထရော မော်လီကျူးတွေကို တွေ့ရှိခဲ့တဲ့အတွက် အစောဆုံးတိရစ္ဆာန်မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
​နေထိုင်မှုပုံစံ - သူတို့ဟာ ရေတိမ်ပိုင်းတွေမှာနေထိုင်ပြီး ပင်လယ်ကြမ်းပြင်ကရှိတဲ့ အဏုဇီဝသက်ရှိ အလွှာ (microbial mats) ကိုစားသုံးခဲ့ကြတယ်လို့ ယုံကြည်ရပါတယ်။ ရုပ်ကြွင်းတွေထဲက လှုပ်ရှားသွားလာခဲ့တဲ့ လမ်းကြောင်း အထင်အရှားရှိနေတာကြောင့် တစ်နေရာတည်းမှာ ငြိမ်နေတဲ့သက်ရှိမျိုးမဟုတ်ဘဲ လှုပ်ရှားသွားလာနိုင်တယ်လို့ သိရပါတယ်။
​Dickinsonia ဟာ Ediacaran ခေတ်ကနေ Cambrian ခေတ်ကိုကူးပြောင်းချိန်မှာ ပေါ်ပေါက်လာတဲ့ သက်ရှိမျိုးစိတ်တွေအကြောင်း လေ့လာရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် ဒီ Dickinsonia ရုပ်ကြွင်းဟာ ရှေးဟောင်းသက်ရှိလေ့လာရေးပညာရှင်တွေကြားမှာ အငြင်းပွားစရာတစ်ခုဖြစ်နေသလို သိပ္ပံပညာရှင်တွေကိုလည်း ဆွဲဆောင်မှုရှိတဲ့ ဘိုးဘွားရုပ်ကြွင်းတစ်ခုအဖြစ် တည်ရှိနေဆဲပါပဲ။

image