13 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းနိုင်ငံလုပ်ငန်းခွင်၌ကိုယ်လက်အင်္ဂါထိခိုက်ခဲ့သည့်မြန်မာအလုပ်သမားအချို့လျော်ကြေးရရန် ခက်ခဲနေ
ထိုင်းနိုင်ငံတွင်လုပ်ငန်းခွင်အတွင်းကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့သည့်မြန်မာအလုပ်သမားအချို့လျော်ကြေးရရန်ခက်ခဲနေကြောင်းကူညီဆောင်ရွက်ပေးနေသူများထံမှသိရသည်။
ယင်းအလုပ်သမားများ၏အကူအညီတောင်းချက်အရနစ်နာကြေးရရှိရန်ဆောင်ရွက်ပေးနေပြီးမြန်မာအလုပ်သမားအချို့သည်သူဌေးပြောင်းအထောက်အထားလုပ်နေသည့်အချိန်ဖြစ်သည့်အတွက်လျော်ကြေးငွေရရန် အခက်အခဲရှိကြောင်း WAG အဖွဲ့မှသိရသည်။
WAGအဖွဲ့သည်လုပ်ငန်းခွင်အတွင်းကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သောမြန်မာအလုပ်သမား ၁၀ဦးအားကူညီ ဆောင်ရွက်ပေးနေပြီး ယခုလအတွင်း အမှု နှစ်မှုမှ လျော်ကြေးငွေရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ နကော့ပထုံမြို့နယ်ဘန်းလင်ရှိ ငရုတ်သီးမှုန့်ထုပ်လုပ်သည့် စက်ရုံတွင် ဘယ်ဘက်လက်မအရင်းထိ ပြတ်သွားခဲ့သည့် မဥမ္မာ၏နစ်နာကြေးငွေ ထိုင်းဘတ်ငွေ၂၉၉၄၄၆ ဘတ်ကို အောက်တိုဘာ၂၄ ရက်တွင် ပြန်လည်ရရှိခဲ့ကြောင်းWAG အဖွဲ့မှ သိရသည်။
WAG အဖွဲ့သည် ထိုင်းနိုင်ငံလှခ်ျဘူလိခရိုင် ဒန်ထက်တကိုမြို့ချောင်ဘိန်ကျေးရွာအတွင်းရှိသစ်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား မမိုးသန္တာလွင်၏ ညာဘက်လက် ဆုံးရှုံးခဲ့မှု၊ထိုင်းနိုင်ငံ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်ရင်း ညာဘက်လက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားမဝင်းဝင်းအေးတို့၏ အမှုများကို လက်ခံကာ နစ်နာကြေးရရှိရန်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

image