အီနိုကီမှိုပေါင်း
-------------

အီနိုကီမှို ကို မြန်မာပြည်မှာ ပင်အပ်မှို လို.ခေါ်ကြတယ် လို.ပြောကြပါတယ်..။

အီနိူကီမှို............တစ်ထုပ်
ကြက်သွန်ဖြူ.......၅ တက်
ချင်း..................ပါးပါး ၂ချပ်
ငရုတ်သီးစိမ်း......၅ တောင့်
နံနံပင်...............အနည်းငယ်

အီနိုကီမှို ကို အမြစ်တွေဖြတ်ပြီး...၁၅ ခုလောက်ပါတဲ့အစုအဝေးလေးတွေဖြစ်
အောင်ခွဲထုတ်ပါ။

ဆား ၊ ဟင်းခတ်မှုန်. ၊ ငရုတ်ကောင်းမှုန်.၊ သံပုရာသီးတစ်စိတ်လောက်နဲ.
အရသာနယ်ပြီးနှပ်ထားပါ။

ထိုစဉ်အတွင်း ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ချင်း ၊ နံနံပင် တွေကို နုပ်နုပ်စဉ်း
ပြီး..ပဲငံပြာရည် ၊ သကြား ၊ ဗီနီဂါ ၊ တို.နဲ.ချဉ်ငံစပ်ရည်ပျစ်ပျစ်လေးစပ်ထားပါ။

မှိုတွေရဲ.အောက်ခြေမှာ ကြက်သွန်မြိတ်နဲ.စည်းနှောင်ပြီး..ပန်းကန်ပြားတစ်ခု
မှာထည့်ကာ ..အငွေ.ကောင်းသောပေါင်းအိုးမှာ ၃ မိနစ်ခန်.ပေါင်းပါ။

ပေါင်းအိုးက ထုတ်လာတာနဲ. ချဉ်ငံစပ်ရည်လေး လောင်းချ ပြီးသုံးဆောင်ရတဲ့
သားသတ်လွတ် လွယ်ကူတဲ့ မှိုပေါင်းတစ်မျိုးဖြစ်ပါတယ်

image