ခရမ်းသီးအလုံးလိုက်ဆူးထိုးကြက်သားဆီပြန်ချက်

ခရမ်းသီးကိုအလုံးလိုက် ခရင်း(သို့)သွားကြားထိုးတန်ဖြင့်နေရာအနံ့ပေါက်အောင်ထိုး ဆားရေစိမ်ထားပါ
ကြက်သားကို ဆား ဟင်းခပ်မူန့်တို့ဖြင့်နယ်ပြီးနှပ်ထားပါ
ငရုတ်သီး‌ခြောက် ကြက်သွန်ဖြူနီ ငပိအနဲငယ်ထည့်‌ထောင်း ဆီအနေတော်သတ် ဆနွင်းမူန့်ထည့် ‌ငရုတ်ထောင်းထည့်ပါ မွှေးလာရင် ကြက်သားထည့်ပြီးအသားတင်းလာအောင်လုံးပါ မဆလာထည့်ပါ ခဏမွှေပြီးရင် ခရမ်းသီးထည့်ပြီး ဆီပြန်လာအောင်လုံးပါ ဆီပြန်ရင် ရေအနေတော်ထည့်ပါ ရေခမ်းဆီပြန်အသီးနူးလာရင် မဆလာနဲနဲပြန်အုပ်ပြီး ရေလုံးဝခမ်းဆီလုံးဝပြန်ပြီး ခရမ်းသီးအိသွားအောင်ထိမီးအေးအေးနဲ့နှပ်လိုက်ပါ ရပါပြီရှင်

image