13 ပတ် - ဘာသာပြန်ပါ။

ပွဲပြက္ခဒိန်အပြောင်းအလဲ ဖြစ်မှုကြောင့် ခရစ္စမတ်ကာလတွင် အာဖရိကပြိုင်ပွဲ ကစားလာရမယ့် ယူနိုက်တက်ရဲ့ အမ်ဘူမိုနှင့် ဒီရယ်လို
======================

ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ ဘရိုင်ယန်အမ်ဘူမိုနှင့် အာမက်ဒီရယ်လိုတို့ဟာ ခရစ္စမတ်ကာလအတွင်းတွင် အာဖရိကဖလားပြိုင်ပွဲ ပါဝင်ကစားလာကြရတော့မှာ ဖြစ်ပါတယ်။

ယင်းကစားသမားနှစ်ဦးတို့ဟာ ကင်မရွန်းနှင့် အိုင်ဗရီကို့စ်တို့ရဲ့ ရွေးချယ်ခံလာရဖို့ ရှိနေတာကြောင့် ယခုနှစ် နှစ်ကုန်ပိုင်း ယူနိုက်တက်ရဲ့ ပွဲစဉ်များကို လွဲချော်လာမယ်လို့ ယူဆခဲ့ကြရသူများ ဖြစ်ပါတယ်။

ယင်းတိုက်စစ်သမားနှစ်ဦးတို့ဟာ ယခုရာသီတွင် ရူဘင်အမိုရမ်လက်ထက် ယူနိုက်တက်အား ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာအောင် အဓိကနေရာမှ စွမ်းဆောင်ပေးထားကြသူများ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ ခရစ္စမတ်ပွဲကြပ်ကာလအတွင်းတွင် ယင်းကစားသမား ၂ ဦးတို့အား အာဖရိကဖလားပြိုင်ပွဲသို့ လက်လွှတ်လာရတော့မှာ ဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို ပုံမှန်ထက်စောပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အိမ်ရှင် မော်ရိုကိုနှင့် ကိုမိုရို့စ်တို့ ကစားပြီး ဖွင့်လှစ်လာမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အာဖရိကဖလားပြိုင်ပွဲကို နှစ်တစ်နှစ်ရဲ့အစတင် ကစားလေ့ရှိပေမယ့်လည်း ယခုနှစ်တွင်မူ ပြက္ခဒိန်အပြောင်းအလဲ ပြုလုပ်လာတာပါ။

အမ်ဘူမိုရဲ့ ကင်မရွန်းမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဂါဘွန်နှင့် ကစားကာ ဖွင့်လှစ်ရမှာ ဖြစ်ပြီး ဒီရယ်လိုရဲ့ အိုင်ဗရီကို့စ်မှာလည်း ယင်းနေ့မှာပင် မိုဖမ်ဘစ်နှင့် စတင် ရင်ဆိုင်ကစားရပါမယ်။

ဒါကြောင့်လည်း ယင်းကစားသမားနှစ်ဦးတို့ဟာ ယူနိုက်တက်ရဲ့ ဘောက်ဆင်ဒေးပွဲစဉ်များကို လွဲချော်လာကြပါမယ်။
ကင်မရွန်းနှင့် အိုင်ဗရီကို့စ်တို့ဟာ အာဖရိကဖလားအုပ်စု (F) မှ နောက်တဆင့်သို့ တက်ရန် ရေပန်းစားနေတဲ့အသင်းများ ဖြစ်ကြပါတယ်။

အိုင်ဗရီကို့စ်က လက်ရှိ ချန်ပီယံ ဖြစ်ပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ရေး စိတ်အားထက်သန်နေပါတယ်။

image