13 ပတ် - ဘာသာပြန်ပါ။

တရုတ်-အာဆီယံလွတ်လပ်စွာကုန်သွယ်‌ရေးဇုံ ဗားရှင်း ၃.၀ ကိုလက်မှတ်ထိုး

တရုတ်နှင့် အာဆီယံတို့သည် လွတ်လပ်စွာ ကုန်သွယ်‌ရေးဇုန် ဗားရှင်း ၃.၀ နောက်ဆက်တွဲစာချုပ်ကို အောက်တိုဘာလ ၂၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်‌ရေးဇုန် ဗားရှင်း ၃.၀ သည် နှစ်ဦးနှစ်ဖက် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့မြှင့်တင်ရန် အခွင့်အလမ်းအသစ်၏ အစတစ်ခုဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီကျန်းက ပြောကြားခဲ့သည်။

ကွာလာလမ်ပူရ်မြို့တော်တွင် ကျင်းပသော ၂၈ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် လီက ထိုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိပ်သီးအစည်းအဝေးမစမီတွင် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်မှုဇုန် ဗားရှင်း ၃.၀ ပရိုတိုကော လက်မှတ်ရေးထိုးပွဲကို လီနှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်တို့ တက်ရောက်ခဲ့ကြသည်။

image