ထူးခတ်ထားသော အနာဂတ်
_________________________
- ဒုက္ခနဲ့ အသားကျ သွားတဲ့နောက်
ရင်ဘတ်က ဒဏ်ရာလည်း
နည်းနည်းမှ မနာတော့ဘူး၊
-ကိုယ့်နိုင်ငံကို ခြေချ ထားပါလျက်
အထပ်ထပ် ကြွေနေတဲ့ ဘဝတွေကို
ရာဇဝင်ဆိုးထဲ ထိုးထည့်ခဲ့ရတာက
မလုံတဲ့ လိပ်ပြာပါပဲ၊
-ထူးခတ်ထားတဲ့ အနာဂတ်ကို
လူငယ်တွေ ဘယ်အားသုံးပြီး
ရုန်းမလဲ။
-နာမည်ကောင်းရဖို့ မကြိုးစားနဲ့
ဘဝကောင်း ရဖို့ ကြိုးစား၊
မသန်စွမ်းဖြစ်နေတဲ့ နိုင်ငံကို
မင်းတို့လက်ထဲ ထိုးထည့်ခဲ့ရမှာ
အားတော့နာတယ်။
-ငါတို့ မြန်မာနိုင်ငံဟာ
အယူခံဝင်ခွင့်မရှိတဲ့ ငရဲပါပဲ။
#မြူမှော်ရုံ