ယူနိုက်တက်လူငယ်ကစားသမားရဲ့ ဖခင် ကိုယ့်ကိုယ်ကို အဆုံးစီရင်
=====================
ယူနိုက်တက်လူငယ်အသင်းနောက်ခံလူရစ်စ်ဘန်းနက်ရဲ့ ဖခင်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ပြုလုပ်သွားခဲ့ပါတယ်။
FA Youth Cup ချန်ပီယံဖြစ်စဉ်တုန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ အသက် ၂၁ နှစ်ရှိ ဘန်းနက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိဂ် ၂ ကလပ် ဖလက်ဝုဒ်တောင်းတွင် အငှားဖြင့် သွားကစားခဲ့သူ ဖြစ်ပြီး ဖခင်ဖြစ်သူ နာရေးကြောင့် ယူနိုက်တက်ဘက်က ခွင့်ပေးထားပါတယ်။
ဘန်းနက်က ဖခင်ဖြစ်သူ အဆုံးစီရင်သွားမှုအတွက် များစွာ ကြေကွဲဝမ်းနည်းရကြောင်း၊ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်လာအောင် ပြုစုပျိုးထောင်လာသူ ဖြစ်ကြောင်း၊ ကိုယ်ကိုယ်ကို အဆုံးစီရင်မှုများ ပပျောက်ရေးအတွက် ပြဿနာများကို ဖော်ထုတ်ပြောဆိုမှု ပြုလုပ်သင့်ကြောင်း အင်စတာဂရမ်တွင် ပို့စ်တင်ရေးသားသွားပါတယ်။
ဒါ့အပြင် ဘန်းနက်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုပပျောက်ရေး လှုပ်ရှားနေတဲ့ ပရဟိတအဖွဲ့များရဲ့ ဖုန်းနံပါတ်ကိုလည်း ပို့စ်တင်သွားပါတယ်။
မန်ချက်စတာဖွားဘန်းနက်ဟာ ၂၀၂၂ ခုနှစ်တုန်းက FA Youth Cup ဆွတ်ခူးနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ယင်းအသင်းတွင် ကိုဘီမိုင်နူးနှင့် အလီဂျန်ဒရိုဂါနာချိုလည်း ပါဝင်ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် နွေရာသီ အမေရိကန်ခရီးစဉ်တွင် ပထမအသင်းနှင့်အတူ လိုက်ပါခွင့် ရခဲ့ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက ဝက်စ်ဟမ်းအား ၂-၀ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် အရန်စာရင်းထဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် ယူနိုက်တက်ယူ-၂၁ အသင်းအတွက် ၂ ပွဲကစားထားပါတယ်။