ပင်နယ်တီကန်စဉ် ပေါင်ကြွက်သားဒဏ်ရာရရှိကာ အနားယူရတော့မယ့် ကီဗင်ဒီဘရိုင်း
=====================

ကီဗင်ဒီဘရိုင်းဟာ အင်တာမီလန်နှင့်ပွဲစဉ်တွင် ပင်နယ်တီကန်သွင်းစဉ် ပေါင်ကြွက်သားဒဏ်ရာရရှိကာ ကာလအတန်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာ စနေနေ့တုန်းက ၃၃ မိနစ်တွင် အဖွင့်ဂိုးအား ပင်နယ်တီမှ တဆင့် သွင်းယူစဉ် ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် လူစားလဲခဲ့ရပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားဟာ ဆေးရုံသို့ သွားရောက် စစ်ဆေးမှု ခံယူရာ ပြင်းထန် ပေါင်ကြွက်သားဒဏ်ရာရရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

အင်တာမီလန်ကို ၃-၁ ဖြင့် အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လာတဲ့ နာပိုလီက ကီဗင်ဒီဘရိုင်း ဘယ်လောက် အနားယူရမယ်၊ ဘယ်တော့ ပြန်ကစားနိုင်မယ်ဆိုတာကိုတော့ မကြေညာပါဘူး။

ကီဗင်ဒီဘရိုင်းဟာ နွေရာသီတုန်းက မန်စီးတီးမှ ထွက်ခွာလာပြီးနောက် နာပိုလီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့တာပါ။

သူဟာ စီးရီးအေပွဲ ၈ ပွဲတွင် ၄ ဂိုးသွင်းထားပြီး ချန်ပီယံလိဂ် ၃ ပွဲကစားထားပါတယ်။

image