13 w - Translate

ခြင်္သေ့ထီးတွေဟာ အစာကို ဗိုက်ပြည့်ဝအောင် စားပြီးနောက် တစ်နေကုန်နီးပါး အိပ်စက်အနားယူကြလေ့ရှိပါတယ် ဒါဟာ ၎င်းတို့ အသက်ရှင်နေထိုင်ရေးရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်
ခြင်္သေ့တွေဟာ အချိန်အကြာကြီး ပြေးလွှားပြီး အမဲလိုက်တာထက် အချိန်တိုတိုနဲ့အားထုတ်ပြီး အမဲလိုက်ကြပါတယ် အဲ့လိုအချိန်တိုအတွင်း အမဲလိုက်ခြင်းဟာ စွမ်းအင်အမြောက်အမြားကိုလိုအပ်တာကြောင့် အမဲလိုက်ပြီးနောက် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းဟာ နောက်တစ်ကြိမ် လိုအပ်တဲ့အချိန်အထိ စွမ်းအင်တွေကို ချွေတာစုဆောင်းရာ ရောက်ပါတယ်
ခြင်္သေ့တွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို နာရီ ၂၀ အထိအနားယူလေ့ရှိကြပြီး များပြားတဲ့ အစားအစာ(သားကောင်ကြီး)တွေစားပြီးပါက ၂၄ နာရီအထိတောင် အိပ်စက်နိုင်ကြပါတယ် ၎င်းတို့အတွက် လှုပ်ရှားမှုဟာ တစ်နေ့လျှင် ၂ နာရီခန့်သာ ရှိပါတယ်
ဒီလိုအချိန်အကြာကြီး အိပ်စက်နေစဉ် ၎င်းတို့ရဲ့ နှလုံးခုန်နှုန်း နဲ့ အသက်ရှူနှုန်းတို့ ဟာ နှေးကွေးလာပါတယ် ဒါဟာ ခန္ဓာကိုယ်ကို အပူလွန်ကဲခြင်းမှ ကာကွယ်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို လျှော့ချကာ စွမ်းအင်ပြန်လည်တည်ဆောက်ရန်အတွက် အဓိက လိုအပ်တဲ့ အစာချေဖျက်ခြင်းလုပ်ငန်းကို လုပ်ဆောင်စေပါတယ်
ခြင်္သေ့တွေဟာ အစာကို နေ့စဉ် စားသုံးနိုင်ခြင်း မရှိဘဲ တစ်ခါတစ်ရံမှာ ရက်အတော်ကြာမှ တစ်ကြိမ်သာ အမဲလိုက်ကြပါတယ် ဒါ့ကြောင့် တစ်ကြိမ်ကို အားရပါးရစားပြီးနောက် အနားယူခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ် ခြင်္သေ့ထီးကြီးတစ်ကောင်ဟာ တစ်ထိုင်တည်းမှာ အသား ၄၀ ကီလိုဂရမ် (၈၈ ပေါင်) အထိ စားသုံးနိုင်ပါတယ်
ဒါကြောင့် ခြင်္သေ့တွေရဲ့ အိပ်စက်ခြင်းဟာ လူတွေအမြင်မှာ ပျင်းရိခြင်းလို့ ထင်ရပေမဲ့လည်း တကယ်တမ်းမှာတော့ ၎င်းဟာ စွမ်းအင်ထိန်းသိမ်းခြင်း ၊ အစာချေဖျက်ခြင်း နဲ့ နောင်အခါအမဲလိုက်ရန်အတွက်ပြင်ဆင်နေခြင်း ဆိုတဲ့ ဘဝရှင်သန်ရေး အတွက် စီမံခန့်ခွဲမှုတစ်ခုဘဲဖြစ်ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image