13 ပတ် - ဘာသာပြန်ပါ။

လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ပြီဖြစ်လို့ အယ်ချီနှင့်ပွဲမှာ ပါဝင်လာဖို့ သေချာနေပြီ ဖြစ်တဲ့ လီဝန်ဒေါ့စကီး
====================

ရောဘတ်လီဝန်ဒေါ့စကီးဟာ ခါးသီးတဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အား ရှုံးနိမ့်ပြီးနောက် အသင်းနှင့်အတူ လေ့ကျင့်ခန်းအပြည့်အဝ ဆင်းလာနိုင်ပြီ ဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူလာခဲ့ရသူ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ အယ်ချီနှင့်ပွဲစဉ်တွင် ပြန်ကစားနိုင်ရန် ပစ်မှတ်ထားလာခဲ့သူလည်း ဖြစ်ပါတယ်။

ယခုအခါ ဘိုင်ယန်မြူးနစ်နှင့် ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာ မျှော်မှန်းထားတဲ့အတိုင်းပင် တနင်္လာနေ့မှာတော့ ကစားဖော်များနှင့်အတူ လေ့ကျင့်ခန်းအပြည့်အဝ ဆင်းလာနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ ဂိုးသမားဂျိုအန်ဂါစီယာရဲ့ ဒဏ်ရာအခြေအနေ တိုးတက်မှုအပေါ်တွင်လည်း ကျေနပ်အားရနေပါတယ်။ ဂါစီယာဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီးနောက် လေးပတ်မှ ခြောက်ပတ်အတွင်း အနားယူရမယ်လို့ ယူဆခြင်းခံထားရသူ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဂါစီယာရဲ့ ဒဏ်ရာအခြေအနေ တိုးတက်နေပေမယ့်လည်း အလျှင်စလို အသုံးပြုလာမှာ မဟုတ်ပါဘူး။
အသက် ၃၇ နှစ်ရှိ လီဝန်ဒေါ့စကီးဟာ ပိုလန်အသင်းအတွက် ကစားစဉ် ဘယ်ဖက်ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ မသက်မသာ ဖြစ်နေပေမယ့်လည်း ပတ်တီးစည်းကာ ပိုလန်ရဲ့ ပွဲအား ကစားခဲ့ကာ ဒဏ်ရာရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဟန်ဆီဖလစ်ဟာ လီဝန်ဒေါ့စကီး ဒဏ်ရာကြောင့် အနားယူနေရစဉ်အတွင်း မားကပ်စ်ရက်ဖို့ဒ်ကို အားကိုး အသုံးပြုနေရပါတယ်။

ဘာစီလိုနာဟာ တနင်္ဂနွေနေ့ည ရီးရဲလ်မက်ဒရစ်ကို ရှံးနိမ့်ပြီးနောက် ရမှတ် ၅ မှတ်ကွာဟသွားခဲ့ပါတယ်။
ဘာစီလိုနာဟာ တနင်္ဂနွေနေ့တွင် အယ်ချီကို ဧည့်ခံကစားပြီးပါက နိုဝင်ဘာလ ၅ ရက်နေ့တွင် ကလပ်ဘရုဂျက်နှင့် ရင်ဆိုင်ရမှာ ဖြစ်သလို လေးရက်အကြာတွင် ဆဲလ်တာဗီဂိုအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။

image