13 ပတ် - ဘာသာပြန်ပါ။

မီလန်ဒါဘီပွဲမတိုင်မီ ကြီးမားတဲ့ ဒဏ်ရာပြဿနာထိုးနှက်ချက် ကြုံလာရတဲ့ အင်တာမီလန်
====================

ခရစ္စတီယန်ချီဗူးရဲ့ အင်တာမီလန်ဟာ ဝါရင့်တိုက်စစ်သမားဟင်းနရစ်ခီတာယန်မှာ ပေါင်ကြွက်သားဒဏ်ရာကြောင့် ဒီဇင်ဘာလအထိ အနားယူရမှာ ဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။

အသက် ၃၆ နှစ်ရှိ အာမေးနီးယားစတားဟာ နိုဝင်ဘာလ ၂၃ ရက်နေ့ ခါးသီးတဲ့ မြို့ခံပြိုင်ဘက် အေစီမီလန်နှင့် ကစားရမယ့် မီလန်ဒါဘီပွဲစဉ်၊ ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် အနည်းဆုံး ပွဲ ၇ ပွဲကို လွဲချော်လာပါမယ်။

La Gazzetta dello Sportက ယူနိုက်တက်နှင့် အာဆင်နယ်စတားဟောင်းမှာ နာပိုလီကို ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အနည်းဆုံး အင်တာမီလန်ရဲ့ ပွဲ ၇ ပွဲကို လွဲလာမယ်လို့ ဖော်ပြသွားပါတယ်။

သူဟာ ဒဏ်ရာကြောင့် တစ်လခန့်သာ နားရမှာ ဖြစ်ပေမယ့်လည်း ပွဲကြပ်ကာလဖြစ်နေမှုနှင့်အတူ ၇ ပွဲအထိ လွဲချော်လာရမှာလည်း ဖြစ်ပါတယ်။

သူဟာ လာမယ့် စီးရီးအေပွဲစဉ်များဖြစ်ကြတဲ့ ဖီအိုရင်တီးနား၊ ဗီရိုနာ၊ လာဇီယို၊ ပီဆာ၊ မီလန်တို့နှင့် ပွဲစဉ်များအပြင် ကိုင်ရက်အယ်မာတီ၊ အက်သလက်တီကိုမက်ဒရစ်တို့နှင့် ချန်ပီယံလိဂ်ပွဲစဉ်များကိုလည်း လွဲချော်လာပါမယ်။

သူဟာ ဒီဇင်ဘာလ ၃ ရက်နေ့ ဗီနီဇီယာနှင့် ကိုပါအီတာလီယာပွဲ (သို့မဟုတ်) သုံးရက်အကြာတွင် ကစားရမယ့် ကိုမိုနှင့်ပွဲတွင်မှ ပြန်ကစားလာနိုင်ဖို့ ရှိပါတယ်။

image