အာရှအမျိုးသမီး ချန်ပီယံလိဂ် အုပ်စုကြပ်အတွင်းကျရောက်နေသည့် မြန်မာကိုယ်စားပြု ISPE အမျိုးသမီးအသင်း
အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ (2025–2026 AFC Women's Champions) ၌ မြန်မာကိုယ်စားပြု ISPE အမျိုးသမီးအသင်းသည် အုပ်စုကြပ်အတွင်း ကျရောက်နေသည်ကို တွေ့မြင်ရသည်။
ISPE အမျိုးသမီးအသင်းသည် အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်တွင် (၃) ပွဲကစား (၃) ပွဲအနိုင်ယူကာ အုပ်စုတို-က်ရို-က်အဆင့်ကို တက်ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် နိုဝင်ဘာ (၉)ရက်မှ (၁၅)ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခဲ့ကျင်းပမည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် (2025–26 AFC Women's Champions League) ပြိုင်ပွဲတွင် ISPE အမျိုးသမီးအသင်းမှာ အုပ်စု (ဂ) တွင် ကျရောက်နေသည်။
အာရှအင်အားကြီး အသင်းကြီးများဖြစ်ကြသည့် တောင်ကိုရီးယားကလပ် ဆူဝမ် (Suwon) ၊ ဂျပန်ကလပ် တိုကျိုဗာဒီ ဘယ်လီဇာ (Tokyo Verdy Beleza) နှင့် မြောက်ကိုရီးယားကလပ် နယ်ဂိုယမ် (Naegoh yang)အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
လာမည့် နိုဝင်ဘာ (၉)ရက် မြန်နာစံတော်ချိန် ည(၇)နာရီတွင်ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ တောင်ကိုရီးယားကလပ် ဆူဝမ် (Suwon)အသင်း၊ နိုဝင်ဘာ (၁၂)ရက် ညနေ(၃)နာရီတွင် ဂျပန်ကလပ် တိုကျိုဗာဒီ ဘယ်လီဇာ (Tokyo Verdy Beleza)အသင်း၊ နိုဝင်ဘာ (၁၅)ရက် ည(၇) နာရီတွင် မြောက်ကိုရီးယားကလပ် နယ်ဂိုယမ် (Naegoh yang)အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။