2 ရက် - ဘာသာပြန်ပါ။

AFC Challenge League အုပ်စုအဖွင့်မှာ တိုင်နန်စီးတီးအသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့် ရှမ်းယူနိုက်တက်အမျိုးသားအသင်း

AFC Challenge League အုပ်စုအဖွင့်ပွဲစဥ်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် တရုတ်တိုင်ပေကလပ် တိုင်နန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ (၂) ဂိုး (၁) ဂိုင်းဖြင့် ရှမ်းယူနိုက်တက်အသင်း ရှုံးနိမ့်ခဲ့သည်။

ယမန်နေ့ အောက်တိုဘာ(၂၆)ရက်က အင်ဒိုနီးရှားနိုင်ငံရှိ ဒေဝယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် Sport Centre Kelapa Dua Tangerang Stadium မှာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ပွဲစဉ် ပထမပိုင်းမှာ တိုင်နန်စီးတီးအသင်းက ဦးဆောင်ဂိုး (၂) ဂိုးသွင်းယူခံ့ပြီး ဒုတိယပိုင်းပွဲချိန်တွင် ရှမ်းယူနိုက်တက်အသင်းမှ ကျောနံပတ် (၃) ရဲမင်းသူက ချေပဂိုး (၁) ဂိုး ပြန်လည်သွင်းယူပေးခဲ့ခြင်းလည်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် လာမည့် အောက်တိုဘာ (၂ ၉) ရက် ၌ ဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ်ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းနှင့် ထပ်မံယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။

image