13 ပတ် - ဘာသာပြန်ပါ။

ကျန်းမာရေးဝန်ကြီးဌာနက အထူးကုကွင်းဆင်းကုသမှုများကို မကြာခဏဆောင်ရွက်နေ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများလိုအပ်သောကုသမှုများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူ လက်လှမ်းမီရရှိစေရန်နှင့် လူတိုင်းသက်တမ်းစေ့သက်ရှည်ကျန်းမာစွာနေနိုင်ရေးအတွက် ရောဂါများကို စောစီးစွာသိရှိပြီး ကုသမှုခံယူနိုင်စေရန်ရည်ရွယ်၍ အထူးကုကွင်းဆင်းကုသမှုများကို မကြာခဏဆောင်ရွက်နေသည်။

ထိုသို့ဆောင်ရွက်မှုများကို ပြည်သူ့ဆေးရုံကြီးများမှ ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီးများပါဝင်သည့် ကွင်းဆင်းကုသမှုအစီအစဉ်များကို တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေခြင်းလည်း ဖြစ်သည်။
လက်ရှိတွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရွာတန်းရှည် ပရိယတ္တိစာသင်တိုက်၌ ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသူရ ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသမှုအစီအစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုဆောင်ရွက်မှုတွင် မရမ်းကုန်းမြို့နယ်အတွင်းနေထိုင်သော ပြည်သူများ လာရောက်ပြသကြပြီး အထွေထွေရောဂါလူနာ (၈၇) ဦး၊ ခွဲစိတ်ရောဂါဆိုင်ရာ လူနာ (၃) ဦး၊ သားဖွားမီးယပ်ရောဂါလူနာ (၁၄) ဦး၊ ကလေးရောဂါလူနာ (၁၃) ဦး၊ အရိုးရောဂါလူနာ (၈) ဦး၊ မျက်စိရောဂါလူနာ (၉၄) ဦး၊ အကြောအဆစ်ရောဂါလူနာ (၃၈) ဦး၊ သွားနှင့်ခံတွင်းလူနာ (၃၈) ဦး၊ စုစုပေါင်း (၂၉၅) ဦးတို့အား ကြည့်ရှုကုသပေးနိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် Ultrasound ရို-က်၍ ရောဂါရှာဖွေစမ်းသပ်ပေးနိုင် ခဲ့သူ (၂၂) ဦးရှိကာ အထွေထွေရောဂါဆိုင်ရာလွှဲပြောင်း လူနာ (၂၀) ဦး၊ အရိုးရောဂါလူနာ (၃) ဦး၊ အကြောအဆစ်ရောဂါလူနာ (၁) ဦး၊ မျက်စိအတွင်းတိမ်ရောဂါလူနာ (၁၀) ဦး၊ စုစုပေါင်း (၃၄) ဦးတို့အား ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၌ လိုအပ်သောကုသမှုများအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုလည်း သိရသည်။

image