13 ပတ် - ဘာသာပြန်ပါ။

ချစ်သူဟာ သိပ်တာဝန်ကျေတယ်
သူကိုယ်တိုင်တောင် ယဲ့ယဲ့ပဲ ပြုံးနိုင်တဲ့နေ့တွေမှာ ကိုယ်ပျော်ရွှင်အောင်တော့ မပျက်မကွက် လုပ်ပေးတယ်
အနာဂတ်ဆိုတာ ဘာမှန်းရေရေရာရာ မသိတဲ့ ကာလကြီးမှာ သူအနားမှာရှိနေတာက ကိုယ့်အတွက်တော့ ခိုင်ခံ့တဲ့ မိုးလုံလေလုံ အိမ်လေးတစ်လုံးထဲ လုံခြုံစိတ်ချစွာ နေနေရသလိုမျိုးပေါ့
တစ်ထောင်ရှိလို့ တစ်ရာပေးချင်တဲ့သူထက် တစ်ဆယ်ရှိလို့ တစ်ဆယ်လုံးပေးချင်နေတဲ့ ကိုယ့်အပေါ် သူ့ရဲ့ ဖြည့်ဆည်းပေးချင်စိတ်လေးတွေက ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးပဲ
ဘယ်တော့မှ မျက်နှာမပျက်တဲ့ ချစ်သူ
ဘဝရဲ့ ဒဏ်ရာတွေကို ဖြေသာစေတဲ့ ချစ်သူ
သစ်ရိပ်ဝါးရိပ်လို ရင်ထဲအသည်းထဲ အေးမြစေတဲ့ ချစ်သူ
ကိုယ်နဲ့ တွေ့ရဖို့အတွက် အမြဲတမ်း အားစိုက်ထုတ်တတ်တဲ့ ချစ်သူ
သူ့ကြောင့်ပဲ ကိုယ်ဟာ ပိုပျော်ရွှင်လာရတာ ပိုပြီး အပူအပင်ကင်းမဲ့လာရတာ ပိုပြီး ကလေးဆန်လာရတာ
သူ့ရှေ့မှာပဲ ပြိုရဲတယ် သူ့ရှေ့မှာပဲ ငိုရဲတယ်
တခုခုဖြစ်ရင် သူ့ကို တိုင်ပြောလိုက်တာနဲ့ အရာအားလုံး ပြန်အဆင်ပြေသွားမယ်လို့ ယုံကြည်ထားတဲ့အထိ သိပ်အားကိုးတာပဲ
ဟိုသီချင်းထဲကလိုပဲ "ပိုင်ဆိုင်တာ အားလုံးပဲ့ကြွေသွားပါစေ ဒီလူဟာ မင်းမရှိလို့တော့ မရ..."
sakura

image