မိဘတိုင်းဟာ ကိုယ့်သားသမီးကို အလွန် တိုးတက်စေချင်ကြတာချည်းပဲပေါ့ ။
“ကိုယ့်ထက်သာ မနာလို” ဆိုတဲ့ စကားဟာ ယေဘုယျအားဖြင့်ဆိုရင် အတော်ကြီးကို မှန်တဲ့စကားပေပဲ ။
ဒါပေမယ့် မိဘမေတ္တာနဲ့ ယှဉ်လိုက်တဲ့အခါကျတော့
အဲဒီစကားဟာ လွဲမှားနေပြန်တယ် မဟုတ်လား ။
မိဘတွေဟာ သားသမီးက ကိုယ့်ထက် မြင့်သွားလေလေ ပီတိဖြစ်လေလေ ဂုဏ်ယူလေလေပဲ မဟုတ်လား။
#အောင်သင်း

image