1 ပတ် - ဘာသာပြန်ပါ။

ကျနော်က ကားမက်စ်ကို ကြိုက်တယ်
အမေက ဗုဒ္ဓကို ချစ်တယ်

ကမ္ဘာကြီး စပျက်တော့
သစ္စာလေးပါးကို အမေပိုင်ပါစေလို့ ဆုတောင်းတယ်

အမေက ရေခဲရေမကြိုက်ဘူး
ရေနွေးကို လက်ဖက်ခြောက်ကောင်းကောင်းနဲ့
သောက်တယ်

ကမ္ဘာကြီးစပျက်တော့
အနည်မထိုင်တဲ့ လက်ဖက်ခြောက်ရိုးလေးဟာ
ငါ့သားပေါ့တဲ့

ဆေးလိပ်အဖြူတွေ မသောက်ပါနဲ့
သားအဆုတ်လေးတွေကို အမေချစ်တယ်တဲ့

ကမ္ဘာကြီးစပျက်တော့
ဘယ်တော့မှကောင်းကျိုးမပေးတဲ့ကောင်လေးဆိုပြီး

ကျနော့်ကို ခိုးခိုးနမ်းရှာတယ်။

- သူလှိုင်းမော်