1 w - Translate

တေးသံရှင်အဒီနိုအတွက် မိသားစုနှစ်သိမ့်ဆုတောင်းအစီအစဉ် ယနေ့ညနေ ပြုလုပ်မည်
အောက်တိုဘာ ၂၅ ရက်ကပြုလုပ်ခဲ့သည့် Idiots Farewell Tour Show ပွဲတွင် ဖျော်ဖြေနေစဉ် ရုတ်တရက်လဲကျကာ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သူ တေးသံရှင်အဒီနိုအတွက် မိသားစုနှစ်သိမ့်ဆုတောင်းအစီအစဉ် ယနေ့ညနေ ပြုလုပ်မည်ဖြစ်သည်။
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိဟိုတယ်ရန်ကုန်အနီး မြိုင်ဟေဝန်ပန်းခြံ‌အရှေ့တွင်ရှိသည့် ဟေဗြုန်ညီအစ်ကိုများအသင်းတော်ခန်းမတွင် ပြုလုပ်မည်လည်း ဖြစ်သည်။
ကွယ်လွန်ချိန်တွင်အသက် (၃၇)နှစ်ရှိပြီဖြစ်ပြီး ၎င်းကွယ်လွန်ခြင်းအတွက် ပရိတ်သတ်များမှလည်း ဝမ်းနည်းကြောင်း မျှဝေထားကြသည်။
စျာပနအခမ်းအနားကိုမူ မနက်ဖြန် (အောက်တိုဘာ ၂၈ ရက်) နံနက် ၉ နာရီတွင် ဟေဗြုန်ညီအစ်ကိုများအသင်းတော်ခန်းမတွင်ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရေဝေးသုဿာန်၌ပြုလုပ်မည်ဖြစ်ကြောင်း FEVER 109 Band က အသိပေးထားသည်။
Adino သည် FEVER 109 Band ၏ Founder၊Vocalist၊Composer နှင့် Drummer တစ်ဦးဖြစ်ကာ ယခု ဖြစ်စဉ်မတိုင်ခင်က ၂၀၂၃ ခုနှစ်၌လည်း Heart Attack ဖြစ်ဖူးခဲ့သူ ဖြစ်သည်။
ထိုစဉ်ကလည်း ဆေးရုံအရေးပေါ်တင်ခဲ့ရပြီး နှလုံးသွေးကြောတစ်ချောင်းလုံးဝပိတ်သွားခဲ့ဖူးသည့် ဖြစ်စဉ်ကြောင့် Stent နှစ်ချောင်းထည့်သွင်းထားခဲ့ရသူလည်းဖြစ်ပြီး ထိုကျန်းမာရေးကြောင့် အနုပညာအလုပ်များကို ရပ်နားထားသူလည်း ဖြစ်သည်။

image