1 w - Translate

ဇာတ်ပို့သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) အသက် (၇၄)နှစ်💐
၂၀၂၃ (ဧပြီလ ၂၉)ရက်၊ နံနက် (၆)နာရီခွဲအချိန်ခန့်တွင် ပုလဲမြို့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာတွင် ကွယ်လွန်သွားခဲ့သည်။
ဦးဝင်းနိုင် အနုပညာ ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်ရှိပြီ ဖြစ်သည်။
ရုပ်ရှင်အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးမှ "ကျွန်တော်နဲ့ အတူတွဲလုပ်ဖူးတယ် စာစောင်။ နှစ်ပေါင်းများစွာ။ နောက်ပိုင်းကျမှ ကျွန်တော်နဲ့ တွဲပြီးတော့ ရုပ်ရှင်ထဲဝင်တာ။သူက ဇာတ်သဘင် က လာတဲ့ လူတစ်ယောက် လေ။ ဇာတ်သဘင်ကနေ ရုပ်ရှင်။ ရုပ် ရှင်ကျတော့လည်း သူက အောင်မြင်တယ်။ အဲဒီတုန်းက ဝင်းနိုင် တွ များနေတာ။ နင်္ဂါးလေးဝင်းနိုင်တို့ဘာတို့ အဲဒါတွေ ရှိတယ်၊ အဲ ဒီတော့ ကျွန်တော်တောင်ပြောသေးတယ် ဝင်းနိုင်တွေ များနေတ ယ်လို့။ ဆိုတော့ မဟုတ်ဘူး ကျွန်တော် ကျွန်တော့်နာမည် အရင်း နဲ့ပဲလုပ်မယ်ဆိုပြီးတော့ ဝင်းနိုင်(အနုပညာ)နဲ့လုပ်တာ။ ဒါပေမယ့် သူက ပေါက်ရောက်သွားတယ်။
ဦးဝင်းနိုင်(အနုပညာ) သည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားပေါင်းများ စွာတွင် ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပြီး ဇာတ်သဘင်တွင်လည်း လူရွှင်တော်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။

image