1 ပတ် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲ အသုံးစရိတ်များ ပိုမိုသုံးစွဲခွင့်ပြု
--------------------------

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်တဲ့ နည်းဥပဒေများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၆ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။

ပြင်ဆင်လိုက်တာကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပုဒ်မ (၂၁)ပါ “ငွေကျပ် သိန်း ၁၅၀” ဆိုတဲ့ စာကားရပ်ကို “ငွေကျပ် သိန်း ၃၀၀” ဆိုတဲ့ စကားရပ်နဲ့ “ငွေကျပ် သိန်း ၃၀၀” ဆိုတဲ့ စကားရပ်ကို “ငွေကျပ်သိန်း ၅၀၀” ဆိုတဲ့ စကားရပ်နဲ့ အသီးသီး အစားထိုးရမှာ ဖြစ်ပါတယ်။ အခုလို ပြင်ဆင်လိုက်တဲ့အတွက် လာမဲ့ရွေး ကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးစီ အနေနဲ့ ရွေး ကောက်ပွဲ အသုံးစရိတ် တွေကို ပိုမိုသုံးစွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပြင်ဆင်လိုက်တဲ့ နည်းဥပဒေပုဒ်မ(၂၁)အရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်နှင့်တိုင်းဒေသကြီး(ဒါမှမဟုတ်) ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် ရွေးကောက်ပွဲ အသုံးစရိတ်ကို ကျပ်သိန်း (၃၀၀)ထိ တိုးမြှင့် သတ်မှတ်ပေးလိုက်သလို တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက်ကို လည်း ကျပ်သိန်း (၅၀၀) အထိ တိုးမြှင့်သတ်မှတ် ပေးလိုက်တာ ဖြစ်ပါတယ်။

image