အဖေ
ဘယ်လောက်ပင်ပန်းပင်ပန်း
သားသမီးမျက်နှာတစ်ချက် အညှိုးမခံတာအဖေ။
ဘယ်လောက်ပင်ပန်းပင်ပန်း
သားသမီးလိုချက်သမျှဝယ်ပေးနိုင်အောင်ကြိုးစားတာအဖေ။
ဘယ်လောက်ဒေါသထွက်ထွက် သားသမီးအပေါ်မှာ
မေတ္တာမပျက်တာအဖေ။
မိသားစုဝမ်းရေးလှဖို့ အားကြိုးမာန်တက်ကြိုးစားတာအဖေ။
နေပဲပူပူ၊မိုးပဲရွာ၊ဆန်တစ်ခွက်မရှိရင် ထွက်ရှာတာအဖေပါ။
သားသမီးငိုရင်မကြည့်ရက်တာတောင်၊"ဟေ့ကောင်တိတ်စမ်းငိုနေတာကျက်သရေမရှိဘူး"တဲ့
အော်၊သူ့ခဗျာဟို့ဘက်လှည့်မျက်ရည်သုတ်နေရရှာတယ်။
လူတိုင်းကိုချစ်တယ်လို့ပြောရဲတယ်၊ဒါမဲ့အဖေ့ကိုမပြောရဲဘူး၊အခုတော့ဒီစာလေးနဲ့ ပြောလိုက်ပါမယ်။
အရမ်းချစ်တယ်အဖေ။
နေညို။။။။